တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဒဏ်ခံရသူတွေအတွက် တန်ချိန် (၁၉၀)ရှိ လူသားချင်းဆိုင်ရာအကူအညီများထပ်မံကူညီ
ဂျန်ဇက် (NSS) - ဇူလိုင် ၂၃
တရုတ်အစိုးရဟာ မိုခါမုန်တိုင်းဒဏ်ခံရတဲ့ မြန်မာပြည်သူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှုအဖြစ် တန်ချိန် ၁၉၀ ရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွက် တရုတ်အစိုးရက ပံ့ပိုးကူညီပေးခဲ့တဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို ရန်ကုန်ဆိပ်ကမ်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ဇူလိုင်လ ၂၂ ရက်က လွှဲပြောင်းလက်ခံရယူခဲ့ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးတဲ့ တရုတ်နိုင်ငံရဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေထဲမှာ အစားအသောက်၊ ကလိုရင်းဒိုင်အောက်ဆိုဒ်ဆေးပြားများ၊ ပိုးသတ်ဆေးပြားများ၊ ရေစုပ်စက်များ၊ မီးစက်များ၊ ခရီးဆောင်ဆိုလာမီးအိမ်များနဲ့ ရွက်ဖျင်တဲများ ပါဝင်ကြောင်းသိရပါတယ်။
မိုခါမုန်တိုင်းဟာ မေလက မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့ကို ဖြတ်သန်းဝင်ရောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှာ လူပေါင်းသန်းချီ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလိုအပ်နေကြောင်းသိရပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းတန်ဖိုးရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပစ္စည်းများပေးပို့ခဲ့သလို ငွေကြေးအဖြစ် တရုတ်ယွမ် ၁ သန်းကူညီပေးခဲ့ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးပို့ကူညီခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသားတွေပါဝင်တဲ့ MV Tung Sung အမည်ရှိ ကုန်တင်သင်္ဘော နစ်မြှုပ်ပြီးနောက် ပျောက်ဆုံးနေသူများထဲမှ (၄)ဦးရဲ့ရုပ်အလောင်းကို ပြန်လည်တွေ့ရှိ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း