မြန်မာနိုင်ငံသားတွေပါဝင်တဲ့ MV Tung Sung အမည်ရှိ ကုန်တင်သင်္ဘော နစ်မြှုပ်ပြီးနောက် ပျောက်ဆုံးနေသူများထဲမှ (၄)ဦးရဲ့ရုပ်အလောင်းကို ပြန်လည်တွေ့ရှိ
ဂျန်ဇက် (NSS) - ဇူလိုင် ၂၃
မြန်မာသင်္ဘောသားတွေ ဝန်ထမ်းအဖြစ်ပါဝင်လုပ်ကိုင်နေတဲ့ MV Tung Sung အမည်ရှိကုန်တင်သင်္ဘောနစ်မြှုပ်မှုနဲ့ပတ်သက်ပြီး ပျောက်ဆုံးနေသူ(၈)ဦးထဲမှ (၄)ဦး ရဲ့ရုပ်အလောင်းကို ဇူလိုင်လ ၂၃ ရက်မှာ ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရပါတယ်။
အဆိုပါ ကုန်တင်သင်္ဘောဟာ ဇူလိုင်လ ၁၉ရက်က Subuyau ပင်လယ်ပြင်မှာ တိမ်းမှောက်နစ်မြှုပ်သွားခဲ့ပြီး သင်္ဘောသား(၈)ဦး ပျောက်ဆုံးနေခဲ့ကြောင်း၊ပျောက်ဆုံးနေတဲ့သင်္ဘောသားတွေထဲမှာ မြန်မာသင်္ဘောသား ၄ဦး၊ အင်ဒိုနီးရှားသင်္ဘောသား ၁ ဦးနဲ့ မလေးရှားနိုင်ငံသားသင်္ဘောသား ၃ဦးတို့ပါဝင်ကြောင်း မလေးရှားရေကြောင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရှာဖွေကယ်ဆယ်မှုများပြုလုပ်နေတဲ့ သုံးရက်မြောက်နေ့မှာ ပျောက်ဆုံးနေသူ ၈ဦးထဲကနေ ၄ဦးရဲ့ရုပ်အလောင်းကို Pulau Burung ဒေသမှာ ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ အဆိုပါရုပ်အလောင်းတွေကို ငါးဖမ်းသမားတွေက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့အကြီးအကဲ Zin Azman Md Yunus ကပြောပါတယ်။
မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့တွေဟာ ပြန်လည်တွေ့ရှိထားတဲ့ ရုပ်အလောင်း ၄လောင်းဟာဘယ်နိုင်ငံသားတွေရဲ့ရုပ်အလောင်းဆိုတဲ့အချက်ကိုအတိအကျသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။သင်္ဘောနစ်မြှုပ်ပြီးနောက် ပျောက်ဆုံးလျက်ရှိနေတဲ့သင်္ဘောသားတွေဟာ အသက် ၂၀အရွယ်နဲ့ အသက် ၅၂နှစ်အရွယ်ကြားရှိသူများဖြစ်ကြောင်း မလေးရှားရေကြောင်းအာဏာပိုင်တွေကပြောပါတယ်။ မလေးရှားရေကြောင်းအာဏာပိုင်တွေရဲ့အဆိုအရ ပျောက်ဆုံးလျက်ရှိနေတဲ့သင်္ဘောသား ၈ဦးထဲမှာ မြန်မာနိုင်ငံသား သင်္ဘောသားတွေဖြစ်တဲ့ သက်မင်းဇူလိုင်၊ ရဲလင်းထက်၊ လှဝင်းထွန်း၊ ထွန်းလင်းဦးတို့ ပါဝင်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငါးလုပ်ငန်း နှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်းအတွက် ပထမနှစ်သင်တန်းသားများခေါ်ယူ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း