ငါးလုပ်ငန်း နှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်းအတွက် ပထမနှစ်သင်တန်းသားများခေါ်ယူ
စော(NSS) - ဇူလိုင် ၂၃
ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်းအတွက် ပထမနှစ်သင်တန်းသားများခေါ်ယူနေကြောင်း သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့(ဇူလိုင်လ ၂၃ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ သင်တန်းကို ရန်ကုန်တိုင်း၊ တွံတေးမြို့ရှိ ငါးလုပ်ငန်းသိပ္ပံတွင် ဖွင့်လှစ်မည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းစခန်းများနှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး)သို့တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့ပြင် တက်ရောက်လိုသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပ္ပံဘာသာဖြင့် အောင်မြင်သူဖြစ်ရန်လိုပြီး လျှောက်လွှာပိတ်ရက်တွင် အသက်(၂၂)နှစ်ထက်မကြီးသူဖြစ်ရန်လိုကြောင်း သိရသည်။
အဆိုပါ သင်တန်းအောင်မြင်ပါက ရန်ကုန်တက္ကသိုလ်တွင် B.Sc(Fisheries and Aquaculture) သင်တန်းတက်ရောက်ရန် ဝင်ခွင့်ဖြေဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် လျှောက်လွှာများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းစခန်းများနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)သို့ စက်တင်ဘာလ (၃၀)ရက် နောက်ဆုံးထား၍ တိုက်ရိုက်ပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
တက်ရောက်ခွင့်ရရှိသူများနှင့် ကျောင်းဖွင့်မည့်ရက်ကို တိုင်းဒေသကြီး၊ ပြည်နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာနများနှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး)မှ အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီမြို့နယ်ရှိ တပ်မတော်၏ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း