မြဝတီမြို့နယ်ရှိ တပ်မတော်၏ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရ
NSS - ဇူလိုင် ၂၃
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တပ်မတော်၏ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းမှာ KNLA ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့ရကြောင်း သတင်းရရှိသည်။
၎င်းစခန်းကုန်းကို KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်၊ Federal Wings ပူးပေါင်းအဖွဲ့များက ဇူလိုင်လ ၂၀ ရက်၊ နံနက် ၆ နာရီအချိန်ခန့်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် စစ်ရေးဗျုဟာအရ အရေးပါသော လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ဇူလိုင်လ ၂၁ ရက်၊ နံနက် ၅ နာရီအချိန်ခန့်တွင် တောင်ကြောတစ်ကြောလုံးအား သိမ်းပိုက်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းဘက်က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းတိုက်ပွဲအတွင်း နှစ်ဖက်အကြား၌ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့များဘက်မှ (၆)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲအတွင်း KNLA ပူးပေါင်းအဖွဲ့အနေဖြင့် ဆက်သွယ်ရေးစက်တစ်လုံး၊ ကားမိုင်း(၉)လုံး၊ မိုင်းရှာစက်(၂)ခုအပါ အဝင် အခြားသော လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
လက်ခတ်တောင်တာဝါတိုင်စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်ခံရမှုနှင့်ပတ်သက်၍ နစကဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
၎င်းစခန်းကုန်းကို ပြန်လည်ရရှိရေးအတွက် တပ်မတော်အနေဖြင့် တုံ့ပြန်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်သွားဖွယ်ရှိနေကြောင်းလည်း သုံးသပ်မှုများရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီးနှစ်ဦးကို ဝတ်လစ်စလစ် ပုံစံမျိုးနဲ့ လမ်းလျှောက်ခိုင်းခဲ့တဲ့လူအုပ်ထဲမှာပါဝင်သူများကို ဖမ်းဆီးဖို့ အိန္ဒိယအမျိုးသမီးသောင်းချီ ဆန္ဒပြ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း