အမေရိကန် အစိုးရအေဂျင်စီတွေရဲ့ အီးမေးလ်တွေကို တရုတ်ဟက်ကာတွေက ခိုးယူခဲ့တယ်လို့ Microsoft ပြော
ရောင်နီ (NSS) - ဇူလိုင် ၁၅
တရုတ်ဟက်ကာတွေက ကုဒ်ချို့ယွင်းချက်တစ်ခုကို အသုံးပြုပြီး အမေရိကန် အစိုးရအေဂျင်စီတွေနဲ့ အခြားအသုံးပြုသူတွေရဲ့ အီးမေးလ်တွေကို ခိုးယူခဲ့တယ်လို့ Microsoft (MSFT.O) က သောကြာနေ့(ဇူ လိုင်လ ၁၄ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ဟက်ကာတွေဟာ လုံခြုံတယ်လို့ ယူဆရတဲ့ အခြေအနေတွေအောက်မှာ ထားရှိတဲ့ Digital Key ကို အသုံးပြုပြီး ၎င်းတို့ရဲ့ ဆိုက်ဘာထောက်လှမ်းရေးလှုပ်ရှားမှု လုပ်ဆောင်ဖို့အတွက် Microsoft ကုဒ်မှ ချို့ယွင်းချက်တစ်ခုကို အခွင့်ကောင်းယူကာ ဟက်ခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ Blog ပို့စ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါ လုပ်ဆောင်မှုဟာ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းနဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးကို တုန်လှုပ်စေကြောင်း ဖော်ပြထားပါတယ်။ တရုတ်ကတော့ ဒီဖြစ်ရပ်မှာ ၄င်းတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ဟက်ကာတွေဟာ အမေရိကန် အဖွဲ့အစည်း ၂၅ ခု ဝန်းကျင်မှ အီးမေးလ်အကောင့်တွေကို မေလကတည်းက လျှို့ဝှက်ဝင်ရောက်ခဲ့တာဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့(ဇူလိုင်လ ၁၂ ရက်) ညက ပြောကြားခဲ့ပါတယ်။ အဟက်ခံရတဲ့ အီးမေးလ်တွေမှာ အနည်းဆုံး အစိုးရ အေဂျင်စီ နှစ်ခု ပါဝင်ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာ ကြာသပတေးနေ့(ဇူလိုင်လ ၁၃ ရက်) က တရုတ်နိုင်ငံရဲ့ ထိပ်တန်းသံတမန် ဝမ်ယိကို အမေရိကန်အစိုးရ၊ အမေရိကန်ကုမ္ပဏီများ သို့မဟုတ် အမေရိကန် နိုင်ငံ သားများကို ပစ်မှတ်ထားတဲ့ ဘယ်လုပ်ရပ်မဆို အလွန်စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Microsoft ရဲ့ Blog ပို့စ်မှာ ဟက်ကာတွေက ကုမ္ပဏီရဲ့ ဒစ်ဂျစ်တယ် Key တစ်ခုကို ဘယ်လိုရရှိခဲ့တယ်ဆိုတာ ရှင်းပြထားခြင်း မရှိပါဘူး။ Microsoft ဟာလည်း အဆိုပါ အဟက်ခံရခြင်းကြောင့် ဒေတာလုံခြုံရေးပိုင်းဆိုင်ရာအတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူများလက်ဝယ်ရှိ ဟောင်းနွမ်း ငွေစက္ကူများကို နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးတို့၌ ကောင်တာများ ဖွင့်လှစ်၍ လဲလှယ်ပေးနေဟု ဗဟိုဘဏ်ဆို
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ