ပြည်သူများလက်ဝယ်ရှိ ဟောင်းနွမ်း ငွေစက္ကူများကို နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးတို့၌ ကောင်တာများ ဖွင့်လှစ်၍ လဲလှယ်ပေးနေဟု ဗဟိုဘဏ်ဆို
ယွန်း (NSS) - ဇူလိုင် ၁၅
ပြည်သူများလက်ဝယ်ရှိ ဟောင်းနွမ်း ငွေစက္ကူများကို နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးတို့၌ ကောင် တာများ ဖွင့်လှစ်၍ လဲလှယ်ပေးနေကြောင်း ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇူလိုင်လ(၁၄)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်သူများလက်ဝယ်ရှိ ဟောင်းနွမ်း၊ စုတ်ပြဲပြီး ချို့ယွင်းနေသည့်ငွေစက္ကူများကို လျော့နည်း ပပျောက်စေရေးအတွက် တန်ဖိုးတူငွေစက္ကူများဖြင့် ပြန်လည်လဲလှယ်ပေးခြင်းကို (၂၀၀၉)ခုနှစ်မှစ၍ စီမံချက်ဖြင့်စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါငွေစက္ကူများအား သုံးစွဲမှု လျော့နည်းလာရာမှ ကင်းစင်ပပျောက်စေရန် ရည်ရွယ်ပြီး (၂၀၁၇) ခုနှစ်မှစ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေလဲလှယ်သည့် စည်းမျဥ်းစည်းကမ်းများကို တစ်နှစ်ထက် တစ်နှစ်ဖြေလျှော့၍ နှစ်စဥ်စီမံချက်ချ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များအနေဖြင့် အများပြည်သူအား ပြန်လည်ထုတ်ပေးသည့်ငွေများတွင် ဟောင်းနွမ်းစုပ်ပြဲနေသည့်ငွေစက္ကူများ ပါဝင်ခြင်း မရှိစေရန် ဗဟိုဘဏ်အနေဖြင့် ငွေကြေးညွှန်ကြားလွှာများ၊ အမှာစာများဖြင့် မကြာခဏညွှန်ကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကောင်းမွန်သည့် ငွေစက္ကူများ ပြန်လည်ထုတ်ပေးရန်နှင့် ဟောင်းနွမ်းစုပ်ပြဲနေသည့် ငွေစက္ကူများကို သတ်မှတ်စည်းမျဥ်းများနှင့်အညီ လက်ခံလဲလှယ်ထုတ်ပေးရေးကိုလည်း အထက်ပါကဲ့သို့ အမှာစာများဖြင့် ညွှန်ကြားထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ပြည်သူများလက်ဝယ်တွင် သုံးစွဲနေသည့် ငွေစက္ကူများ၌ ဟောင်းနွမ်းစုတ်ပြဲပြီး ချို့ယွင်းငွေစက္ကူများရှိနေပြီး အဆိုပါ ငွေစက္ကူများ လျော့နည်းပပျောက်ရေးနှင့် ကောင်းမွန်သည့် ငွေစက္ကူများ ပြည်သူများလက်ဝယ်သို့ ပိုမိုရောက်ရှိရေးအတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ကောင်တာများဖွင့်လှစ်ပြီး လက်ခံလဲလှယ်ဆောင်ရွက်ပေးနေကြောင်း ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား ယူရေနီယံစက်ရုံမှာ စွန့်ပစ်ယူရေနီယံ ဒြပ်ပေါင်းပါဝင်တဲ့ ဆလင်ဒါ ပေါက်ပြဲမှုကြောင့် နည်းပညာရှင် တစ်ဦးသေဆုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ