ရုရှား ယူရေနီယံစက်ရုံမှာ စွန့်ပစ်ယူရေနီယံ ဒြပ်ပေါင်းပါဝင်တဲ့ ဆလင်ဒါ ပေါက်ပြဲမှုကြောင့် နည်းပညာရှင် တစ်ဦးသေဆုံး
ရောင်နီ (NSS) - ဇူလိုင် ၁၅
ရုရှားနိုင်ငံ၊ ယူရယ်စ် ဒေသရှိ ယူရေနီယံ သန့်စင်ရေး စက်ရုံတစ်ခုမှာ စွန့်ပစ်ယူရေနီယံ ဒြပ်ပေါင်း ပါဝင်တဲ့ ဆလင်ဒါတစ်ခု ပေါက်ပြဲခဲ့ခြင်းကြောင့် စက်ရုံဝန်ထမ်း နည်းပညာရှင် တစ်ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် နျူကလီးယား ကော်ပိုရေးရှင်း Rosatom က ပြောကြားခဲ့ပါတယ်။
စက်ရုံနဲ့ အနီးတစ်ဝိုက်ရဲ့ ဓာတ်ရောင်ခြည်သင့်မှု အဆင့်ဟာ ပုံမှန်သာ ရှိတာကြောင့် ဒီဖြစ်စဉ်နဲ့ ပတ် သက်ပြီး အဆိုပါဒေသ အနီးတစ်ဝိုက်မှ နေထိုင်သူတွေအတွက် အန္တရာယ်မရှိဘူးလို့ ၄င်းက ဆိုပါတယ်။ ယူရေနီယမ် သန့်စင်ရေးမှာ အသုံးပြုတဲ့ ဓာတုဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ ယူရေနီယမ် ဟက်ဆာဖလိုရိုက်ဟာ ကွန်တိန်နာအတွင်း စိမ့်ဝင်ရောက်လာခြင်းကြောင့် အလုပ်သမားဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်ခု ဖြစ်ခဲ့ပြီး သေဆုံးသွားခဲ့ရတာဖြစ်ကြောင်း ၎င်းကဆိုပါတယ်။
စွန့်ပစ် ဒြပ်ပေါင်း ပုံစံဟာ သဘာဝယူရေနီယမ်ထက် ရေဒီယိုသတ္တိကြွမှုနည်းတယ်လို့ သိရပါတယ်။ အခြား ဝန်ထမ်းတွေကိုလည်း ဆေးစစ်ဖို့ စေလွှတ်ထားပြီး အများစုဟာ ညစ်ညမ်းမှုကင်းစင်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ပြီးနောက် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်တယ်လို့ Rosatom ကဆိုပါတယ်။ ဒီအဖြစ်အပျက်ကြောင့် "နိုဗူရတ်စ်မြို့မှာ နေထိုင်သူတွေ ဒါမှမဟုတ် စက်ရုံဝန်ထမ်းတွေအတွက် ဘာ အန္တ ရာယ်မှမရှိဘူး" လို့ စက်ရုံ လက်ထောက်ထုတ်လုပ်မှု မန်နေဂျာ ယူရီမီနီယက်ဗ်က ပြောကြားပါတယ်။
အဆိုပါစက်ရုံဟာ နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာ အသုံးပြုဖို့အတွက် ယူရေနီယမ် ထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးမားဆုံး စက်ရုံအမျိုးအစားဖြစ်ပါတယ်။ အခင်းဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ကြီးတံခွန်မြို့နယ်တွင် လူငယ်အချင်းချင်းအကြွေးတောင်းရာမှ ဓားထိုးမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း