ပြည်ကြီးတံခွန်မြို့နယ်တွင် လူငယ်အချင်းချင်းအကြွေးတောင်းရာမှ ဓားထိုးမှုဖြစ်ပွား
သန့်ဇင် (NSS) - ဇူလိုင် ၁၅
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် လူငယ်အချင်းချင်းအကြွေးတောင်းရာမှ ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန့်နေ့(ဇူလိုင်လ ၁၄ ရက်)၊ နေ့လည် ၁ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၅ လမ်း ၆၀ x ၆၁ လမ်းကြားရှိ နေအိမ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့ လူငယ်အချင်းချင်းအကြွေးတောင်းရာကနေ အူတွေပါဗိုက်ကနေထွက်ကျအောင် ဓားနဲ့အထိုးခံရတာပါ။ ထိုးတဲ့လူကိုတော့ ရဲတွေလိုက်ဖမ်းနေတယ်။ မတွေ့သေးဘူး”ဟု ရွှေမဥ္ဇူပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဓားဖြင့်အထိုးခံရသည့် လူငယ်သည် အသက်(၁၆)နှစ်အရွယ်ဖြစ်ပြီး ဓားဖြင့်ထိုးခံရမှုကြောင့် ဝမ်းဗိုက်အတွင်းမှ အူများထွက်ကျနေခဲ့ကြောင်း သိရသည်။
“ထိုးတဲ့လူကိုတော့ ရဲတွေလိုက်ဖမ်းနေတယ် မတွေ့သေးဘူး။ လူနာကတော့ဆေးရုံမှာပါ” ဟု ၎င်းကဆက်လက်ပြောသည်။
အထက်ပါဖြစ်စဉ်တွင် ဓားဖြင့်အထိုးခံရသော လူငယ်အမျိုးသားအား ရွှေမဥ္ဇူဇူပရဟိတလူမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားပင်လယ်အော်၌ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းငယ်၏အရှိန်ကြောင့် ရန်ကုန် အပါအဝင် ပြည်နယ်နှင့် တိုင်းအချို့၌ လာမည့်ရက်ပိုင်းအတွင်း မိုးပိုနိုင်ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း