ဘင်္ဂလားပင်လယ်အော်၌ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းငယ်၏အရှိန်ကြောင့် ရန်ကုန် အပါအဝင် ပြည်နယ်နှင့် တိုင်းအချို့၌ လာမည့်ရက်ပိုင်းအတွင်း မိုးပိုနိုင်ဟုဆို
ယွန်း (NSS) - ဇူလိုင် ၁၅
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ လာမည့် ဇူလိုင်လ(၁၉)ရက်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းငယ်၏အရှိန်ကြောင့် ရန်ကုန် အပါအဝင် ပြည်နယ်နှင့် တိုင်းအချို့၌ မိုးပိုလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့(ဇူလိုင်လ ၁၄ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ဇူလိုင်လ(၂၁)ရက်၌ မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး အနောက်- အနောက်မြောက် ဘက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်တို့ကို ဖြတ်ကျော်နိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
၎င်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်သည့်အခြေအနေမရှိသော်လည်း အကျိုးသက်ရောက်မှုအနေဖြင့် မုတ်သုံလေအား ကောင်းမှုကြောင့် အချို့ဒေသများ၌ မိုးပိုများလာနိုင်ကြောင်း မိုးဇလမှ သိရသည်။
“လေဖိအားနည်းရပ်ဝန်းကတော့ မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်။ မြန်မာပြည်ဘက်တော့ လာစရာမရှိပါဘူး။ ဒါပေမယ့် မုန်တိုင်းငယ်အရှိန်ကြောင့် မုတ်သုံအားကောင်းတဲ့အခါ ကမ်းရိုးတန်းဒေသတွေမှာ လှိုင်း ကြီးတာတွေ၊ မိုးများတာတွေ ဖြစ်နိုင်တယ်”ဟု မိုးဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကိုပြောသည်။
မုတ်သုံလေအားကောင်းမှုကြောင့် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ ရခိုင်၊ မွန်၊ ကရင်နှင့် တနင်္သာရီ တို့တွင် မိုးပိုများလာနိုင်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
ထိုသို့ မိုးများလာနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုများ အပါအဝင် မြေပြိုမှုများကိုလည်း အထူးသတိပြု၍ နေထိုင်သင့်ကြောင်း မိုးဇလညွှန်ကြားရေးမှူး ဦးလှထွန်းက အသိပေးပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်မှာ ၂၀၂၃ ခုနှစ် ပထမ (၆)လအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စံချိန်တင် မြင့်တက်လာ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း