အမေရိကန်မှာ ၂၀၂၃ ခုနှစ် ပထမ (၆)လအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စံချိန်တင် မြင့်တက်လာ
ရောင်နီ (NSS) - ဇူလိုင် ၁၅
အမေရိကန်မှာ နိုင်ငံတစ်ဝှမ်း သေနတ်နဲ့ အကြမ်းဖက်မှု တားဆီးဖို့ ကြိုးပမ်းနေတဲ့ကြားက ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (၂၈) မှုအထိ ရှိလာခဲ့တယ်လို့ Associated Press(AP) က ဇူလိုင်လ ၁၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။
AP သတင်းဌာနရဲ့ ခွဲခြမ်းစိတ်ဖြာ ဖော်ပြချက်မှာ အဆိုပါ ကာလအတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် သေဆုံးသူ (၁၄၀)ထိ ရှိတယ်လို့ ဆိုပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း စာရင်းမှာ လူလေးဦး သို့မဟုတ် အဲဒီထက်ပို သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေ ပါဝင်ပါတယ်။ ၂၀၂၂ ခုနှစ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု (၂၇)မှုရှိပြီး အခု ၂၀၂၃ ခုနှစ်မှာတော့ ပထမနှစ်ဝက်မှာတင် ၂၈ မှုထိ ရှိလာခဲ့တာကြောင့် ယခင်နှစ် စံချိန်ကိုချိုးကာ ပစ်ခတ်မှုတွေပိုရှိလာမယ့် နှစ်ဖြစ်လာမယ်လို့ ယူဆရပါတယ်။
အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင်လ ၄ ရက် အားလပ်ရက်မှာ မြို့တော် ဝါရှင်တန်ဒီစီ အပါအဝင် နိုင်ငံတစ်ဝှမ်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှု အများအပြား ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် တင်းကြပ်တဲ့ သေနတ်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်တဲ့ ဥပဒေတွေအသစ်ပြန်လည် ရေးဆွဲဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။ အဆိုပါ ဥပဒေဟာ အမေရိကန်မှာ ကွဲပြားတဲ့ နိုင်ငံရေးပြဿနာဖြစ်ပြီး သေနတ်ကိုင်ဆောင်သူ အမြောက်အများ တိုးမြင့်လာခြင်းကြောင့် သွေး ထွက်သံယို ဖြစ်ရပ်တွေ မြင့်တက်လာခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။
ယခုလ အစောပိုင်းအတွင်းကလည်း သမ္မတ ဂျိုးဘိုင်ဒန်က အဆိုပါ ပစ်ခတ်မှုတွေကို ကြေကွဲဖွယ်ကောင်းပြီး အသိတရားမဲ့တဲ့ ပစ်ခတ်မှုလှိုင်းလို့ ရှုတ်ချခဲ့ပါတယ်။
သေနတ်ပစ်ခတ်မှုတွေ တိုးမြင့်လာနေပေမယ့် သေနတ်လိုလားသူ စည်းရုံးရေးအဖွဲ့ (NRA) ကတော့ AR-15 ပုံစံ ရိုင်ဖယ်တွေနဲ့ အလားတူလက်နက်တွေ အပါအဝင် သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံပဋိညာဉ်နှင့် သွေဖယ်နေသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို လက်မခံကြောင်း နစကတုံ့ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း