မြန်မာ နှင့် ရုရှားနှစ်နိုင်ငံကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်မည်
NSS - ဇူလိုင် ၁၃
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်ရန်အ တွက် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌမစ္စတာ ဗစ်တလေဆိုလို နတ်စကီ ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်က တွေ့ဆုံခဲ့စဉ် အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ရုရှားနဲ့ IT Sector ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ IT Software နဲ့ Hardware၊ Cybersecurity Services Promotion အတွက် ဆွေးနွေးဖြစ်တယ်။ ဒီနိုင်ငံရဲ့ ICT ကျောင်းသားတွေနဲ့ နည်းပညာ တက္ကသိုလ်တွေမှာလည်း သူတို့ရဲ့ ဗဟုသုတနဲ့ နည်းပညာလွှဲပြောင်းမှု အစီအစဉ် လေးတွေ လုပ်ဆောင်ပေးဖို့အတွက်လည်း ဆွေးနွေးခဲ့ပါတယ်”ဟု ဒုဝန်ကြီး ဒေါက်တာဝါဝါမောင်က NP News ကိုပြောသည်။
တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏သတင်းအချက်အလက် နည်းပညာ၊ ဆိုက်ဘာလုံခြုံရေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုဆိုင်ရာ နည်းပညာကဏ္ဍများတွင် ရုရှားကုမ္ပဏီများလာရောက်ရင်းနှီးမြှုပ်နှံရေး ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
“သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ အထူးသဖြင့် ဘဏ်နဲ့ အာမခံလုပ်ငန်းတွေရဲ့ Database Security ကိစ္စရပ်တွေကို ဝန်ဆောင်မှုပေးနိုင်တယ်။ သို့သော် သူတို့ဆောင်ရွက်မယ့် ကိစ္စတွေမှာ ဝန်ကြီးဌာနက ပံ့ပိုးဆောင်ရွက်ပေးစေလိုတယ်”ဟု ဒေါက်တာဝါဝါမောင်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုလာရောက်လုပ်ဆောင်မည့် လုပ်ငန်းများအတွက် ပေးအပ်ထား သည့်အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမှုဥပဒ၊ ကုမ္ပဏီဥပဒေ၊ နည်းဥပဒေ တို့ကို ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံသို့ဝင်ရောက်ထားသည့် ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ နည်းပါးနေသော်လည်း လက်ရှိ အချိန်ကာလတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် စိတ်ဝင်စားမှုများပြားလာသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံရေးမှာ ပါဝင်နေသူအားလုံးနဲ့တွေ့ဆုံခွင့်ပေးဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တောင်းဆို
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ