မြန်မာနိုင်ငံအနေဖြင့် ရွေးကောက်ပွဲမသမာမှုနှင့် ဆက်စပ်သည့် မတည်ငြိမ်မှုများ အပြင် သတင်းမီဒီယာစစ်ပွဲဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရဟုဆို
ယွန်း (NSS) - ဇူလိုင် ၇
မြန်မာနိုင်ငံအနေဖြင့် ရွေးကောက်ပွဲမသမာမှုနှင့် ဆက်စပ်သည့် မတည်ငြိမ်မှုများ အပြင် သတင်းမီဒီယာစစ်ပွဲဆိုင်ရာ စိန်ခေါ်မှုများကို လည်း ရင်ဆိုင်နေရကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ဇင်းမင်း ရာဇာခန်းမ၌ ဇူလိုင်လ(၆)ရက်တွင် မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ပြောဆိုရာ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ကိုဗစ်(၁၉)ကပ်ရောဂါ အပါအဝင် ရွေးကောက်ပွဲမသမာမှုနှင့် ဆက်စပ်သည့် မတည်ငြိမ်မှုများ၊ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကဲ့သို့သော သဘာဝဘေးအန္တရာယ်များ၊ ပထဝီဝင်နိုင်ငံရေးအရ သက်ရောက်မှုများနှင့် သတင်းမီဒီယာစစ်ပွဲဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထိုသို့ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း တရားဥပဒေစိုးမိုးရေးဆောင်ရွက်ခြင်း အပါအဝင် ငြိမ်းချမ်း၍ အများပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဥ်ဖော်ဆောင်ခြင်းတို့ကို ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သတင်းမီဒီယာသည် နိုင်ငံအတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်နေပြီး လက်ရှိအချိန်အထိ နိုင်ငံတည်ငြိမ်မှုရရှိရေးအတွက် မီဒီယာများအနေဖြင့် ခက်ခက်ခဲခဲဆောင်ရွက်နေရကြောင်း ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြီးခဲ့သည့်ဇွန်လက အင်ဒိုးနီးရှားရှိ TVRI သတင်းဌာနနှင့် အင်တာဗျူးစဥ် အသိပေးပြောကြားခဲ့မှုရှိသည်။
ပြည်သူများအနေဖြင့် သတင်းတု၊ သတင်းမှားများပေါ်တွင် ယုံကြည်နေခြင်းကြောင့် သတင်းအမှားဖုံးလွှမ်းမှုများရှိနေပြီး နိုင်ငံတော်အနေဖြင့် ပြည်သူများသတင်းမှန်သိရှိစေရေးအတွက် သတင်းများကို ဖြန့်ချီလျက်ရှိသော်လည်း မီဒီယာအနိုင်ကျင့်ခြင်းများကို ခံနေရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေးမြို့၌ ဆိုင်ကယ်မှ ကားအားဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦး သေဆုံး
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ