ရေးမြို့၌ ဆိုင်ကယ်မှ ကားအားဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦး သေဆုံး
စော (NSS) - ဇူလိုင် ၇
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဆိုင်ကယ်မှ ကားအား ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၆ရက်)၊ ညနေ (၄)နာရီအချိန်တွင် ရေးမြို့နယ်၊ မလွဲတောင်အနီး (၂၉၉) တပ်အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကားသည် ထားဝယ်မြို့သို့ သွားသည့် Taxi ကားဖြစ်ပြီး ယာဉ်ပေါ်ရှိ လူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်နှစ်စီးက ယှဉ်ပြီး ပြိုင်မောင်းလာတာပါ။ ဆိုင်ကယ်က တစ်ဖက်ယာဉ်ကြောမှာရှိတဲ့ ကားကို ဝင်တိုက်တာပါ။ နှစ်စီးပြိုင်လာတာဆိုတော့ သူတို့အရှိန်ကပြင်းတယ်။ တစ်စီးကတော့ မောင်းပြေးသွားတယ်”ဟု ဣစ္ဆာသယလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားနှစ်ဦးသည် ဆေးရုံရောက်ရှိပြီး ဆေးကုသစဉ်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
၎င်းတို့၏ ရုပ်အလောင်းအား ရေးမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၅)ကြိမ်မြောက် အာရှ-ဥရောပဖောင်ဒေးရှင်း၏ လူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲ၌ မြန်မာနိုင်ငံမှ လူငယ်များပါဝင် လျှောက်ထားနိုင်ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း