(၅)ကြိမ်မြောက် အာရှ-ဥရောပဖောင်ဒေးရှင်း၏ လူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲ၌ မြန်မာနိုင်ငံမှ လူငယ်များပါဝင် လျှောက်ထားနိုင်ဟုဆို
စော (NSS) - ဇူလိုင် ၇
(၅)ကြိမ်မြောက် အာရှ-ဥပရောပဖောင်ဒေးရှင်း၏ လူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံမှ လူငယ်များ ပါဝင်လျှောက်ထားနိုင်ကြောင်း သိရသည်။
လူငယ်ရေးရာဦးစီးဌာနမှ ယနေ့(ဇူလိုင်လ ၇ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
(၅)ကြိမ်မြောက် အာရှ-ဥရောပဖောင်ဒေးရှင်း၏ လူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲ၌ “လူ့အဖွဲ့အစည်းအတွင်း ခေါင်းဆောင်မှုပညာ” ခေါင်းစဉ်ဖြင့် သြဂုတ်လမှ ဒီဇင်ဘာလထိ Virtual စနစ်နှင့် စပိန်နိုင်ငံ Salamanca မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ အသက်(၁၈)နှစ်မှ (၃ဝ)နှစ်အတွင်းရှိ ခေါင်းဆောင်မှုအတွေ့အကြုံရှိပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုရေးသားနိုင်သော လူငယ်ကိုယ်စားလှယ်များ ပါဝင်နိုင်ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသည် လူငယ်များအတွက် ဦးဆောင်မှုအရည်အသွေးများ ဖွံဖြိုးတိုးတက်စေရန်နှင့် အာရှ-ဥရောပ နိုင်ငံများမှ လူငယ်များ အချင်းချင်း ၎င်းတို့၏ သက်ဆိုင်ရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အပြန်အလှန်နားလည်သဘောပေါက်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။
ထို့ပြင် အနာဂတ်ကာလ ပူးပေါင်းဆောင်ရွက်မှုများ၏ အခြေခံအုတ်မြစ်များကို တည်ဆောက်နိုင်ရန် ရည်ရွယ်၍ အပိုင်း(၃)ပိုင်းဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ခေါင်းဆောင်မှုပညာနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများ မြှင့်တင်ဆောင်ရွက်ခြင်းခေါင်းစဉ်အား ဩဂုတ်လ (၄)ရက်မှ (၂၈)ရက်အထိ Virtual စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် လူငယ်တွေ့ဆုံပွဲအား စက်တင်ဘာလ (၁၂)ရက်မှ (၁၆)ရက်အထိ စပိန်နိုင်ငံ Salamanca မြို့တွင်လည်း ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အလားတူ လက်တွေ့ဘဝတွင် ရင်ဆိုင်နေရသည့် ခေါင်းဆောင်မှုပညာဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ခြင်းခေါင်းစဉ်အား စက်တင်ဘာလ(၁၈)ရက်မှ ဒီဇင်ဘာလ(၁၂)ရက်အထိ Virtual စနစ်ဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လျှောက်ထားလိုသူများအနေဖြင့် ဇူလိုင်လ(၉)ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရီးယားအခြေစိုက် Panko Co., Ltd. အား မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ဆောင်ရန် ဖိတ်ခေါ်
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ