ကမ္ဘောဒီးယားအစိုးရက Facebook တာဝန်ရှိသူတွေကို နိုင်ငံအတွင်းမှ နှင်ထုတ်သွားမယ်လို့ သတင်းထုတ်ပြန်
ဂျန်ဇက် (NSS) - ဇူလိုင် ၂
ကမ္ဘောဒီးယား ဆက်သွယ်ရေးဝန်ကြီးဌာနက ၎င်းတို့အနေနဲ့ နိုင်ငံအတွင်းရှိ Facebook ရဲ့ကိုယ်စားလှယ်များကို နှင်ထုတ်ဖို့ ဆုံးဖြတ်လိုက်သလို Facebook ကိုယ်စားလှယ်များရဲ့လှုပ်ရှားမှုအားလုံးကို ရပ်တန့်ဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘောဒီးယားဆက်သွယ်ရေးဝန်ကြီးဌာနက "ကမ္ဘောဒီးယားနိုင်ငံရှိ users များအတွက် Facebook ရဲ့ဝန်ဆောင်မှုတွေကို စစ်ဆေးသွားမယ်။ Facebook ဟာ သတင်းအမှားတွေကို ဖြန့်ဝေခွင့်ပေးနေသလို တာဝန်ယူခြင်း၊ တာဝန်ခံခြင်းနဲ့ ပွင့်လင်းမြင့်သာမှုပိုင်း အာနည်းနေတယ်။ ဒါ့ပြင် ကမ္ဘောဒီးယားနိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးကို ကြားဝင်စွက်ဖက်တာမျိုးတွေလုပ်နေတယ်။ ကမ္ဘောဒီးယားအစိုးရနဲ့ Facebook ကုမ္ပဏီကြား ဆက်ဆံမှုတွေအပြင် private sector ပိုင်း မိတ်ဖက်အဖြစ်ဆောင်ရွက်မှုတွေကို ရပ်နားတော့မှာဖြစ်တယ်"လို့ သတင်းထုတ်ပြန်ထားပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ Facebook အသုံးပြုမှုတွေကို ရပ်နားတော့မှာဖြစ်သလို နိုင်ငံအတွင်းမှာ Facebook အသုံးပြုမှုတွေကို တားမြစ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် ရက် ပိုင်းအကြာမှာ ကမ္ဘောဒီးယားဆက်သွယ်ရေးဝန်ကြီးဌာနက အခုလိုမျိုးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Facebook ကတော့ ၎င်းတို့အနေနဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့အကောင့် နဲ့ ပေစ့်ကိုဖျက်ချခဲ့ခြင်းမျိုးမရှိကြောင်း၊ ဝန်ကြီးချုပ်ကိုယ်တိုင် သူရဲ့အကောင့်ကို ဖျက်ဆီးခဲ့တာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ ဝန် ကြီးချုပ်ဟွန်ဆန်ဟာ ကမ္ဘာကျော်လူမှုကွန်ရက်ဖြစ်တဲ့ Facebook ရဲ့မူဝါများကို မေးခွန်းထုတ်ခဲ့ပြီး ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ဇနီးနဲ့သားသမီးတွေအပြင် ဘုရင် နိုရိုဒွန်ရှိဟာမိုနီတို့အပေါ် ရည်ရွယ်ချက်ရှိရှိ နဲ့တိုက်ခိုက်နေတဲ့ အတိုက်ခံအုပ်စုရဲ့ groups တွေကို Facebook က အရေးယူဖို့ မသိကျိူးကျွံပြုနေကြောင်း ဝေဖန်ခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်က Facebook ဟာ အတိုက်အခံအုပ်စုတွေ ကျူးလွန်နေတဲ့လုပ်ရပ်တွေကို မသိကျိုးကျွံ့ပြုနေသလို နည်းပညာပိုင်းဆိုင်ရာအမှားယွင်းတွေ လုပ်ဆောင်တာမျိုးမဖြစ်သင့်ကြောင်းပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဂတိမှုကျူးလွန်ရာမှ ရရှိသော ပိုင်ဆိုင်မှုများကို ပြန်လည်ရယူရေး ပူးပေါင်းလုပ်ဆောင်ရန် မြန်မာနှင့် ရုရှား MoU ရေးထိုး
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ