ပြည်တွင်းရှိ MSME လုပ်ငန်းများ ဒီဂျစ်တယ်နည်းပညာအသုံးပြုကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး ဆွေးနွေး
ယွန်း (NSS) - ဇွန် ၂၇
ပြည်တွင်းရှိ MSME လုပ်ငန်းများ ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုကာ နိုင်ငံတကာနှင့် ရင်ပေါင် တန်း အသုံးပြုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို ယနေ့(ဇွန်လ ၂၇ ရက်)၊ နေ့လည် (၁)နာရီအချိန်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ MICT Park ရှိ Conference Hall တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်တို့မှ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။
၎င်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် အပါအဝင် MSME လုပ်ငန်းရှင်များ နှင့် အွန်လိုင်းမှတက်ရောက်သူများ စုစုပေါင်း လူဦးရေ (၅ဝဝ)နီးပါး တက်ရောက် ခဲ့သည်။
လက်ရှိတွင် ဒီဂျစ်တယ်နည်းပညာများကို လူတိုင်းနီးပါး အသုံးပြုလာကြသည့်အတွက် လုပ်ငန်းကဏ္ဍများတွင်လည်း အသုံးပြုနိုင်ရန်ရည်ရွယ်၍ အဆိုပါ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တစ်ဦးတစ်ယောက်ချင်းစီအရတော့ ဒီဂျစ်တယ်နည်းပညာကို သုံးကြပါတယ်။ ကိုယ်ပိုင် ဗဟုသုတ၊ ရသမျိုးစုံ၊ ဂီတ အပါအဝင် ခံစားမှုတွေအတွက် သုံးကြပါတယ်။ ဒီနေ့အတွက် ရည်ရွယ်တာကတော့ လုပ်ငန်းမှာပါ ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တွဲဖက်အထွေထွေ အတွင်း ရေးမှူး ဒေါ်ချောငယ်ခင်က ဆိုသည်။
ထို့အတူ အသေးစားစီးပွားရေးလုပ်ငန်းများတွင်လည်း အသေးစားစီးပွားရေး လုပ်ငန်းအလျောက် ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုမည်ဆိုပါက ပြည်ပနိုင်ငံများတွင်ပါ အဆိုပါလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သို့မှသာ အသေးစားစီးပွားရေးလုပ်ငန်းမှ အငယ်စားစီးပွားရေးလုပ်ငန်းသို့ ကူးပြောင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် MSME လုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုရန် လိုအပ်ပြီး လက်ရှိ MSME လုပ်ငန်းများ၌ အမျိုးသမီးလုပ်ငန်းရှင်များသည် ရာခိုင်နှုန်းပိုမိုများပြားလျက်ရှိကြောင်း သိရသည်။
အလားတူ ပြည်တွင်းရှိ MSME လုပ်ငန်းများ စီးပွားရေးအခွင့်အလမ်းများတိုးတက်စေရန် ရည်ရွယ်ပြီး အထက်ပါကဲ့သို့ အသိပေးခြင်းဆိုင်ရာ အခမ်းအနားများကို လစဥ် ကျင်းပသွားမည်ဖြစ်ကြောင်း အခမ်းအနားမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကြီးမြို့၌ကျင်းပသော မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးသည့်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကျောင်းသား/သူ အချို့ မူးမေ့သတိလစ်မှုဖြစ်ပွား
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ