တရုတ်နိုင်ငံဟာ ၄င်းတို့နိုင်ငံအတွက် AI စည်းမျဉ်းတွေ စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း အီလွန်မတ်ပြော
ရောင်နီ (NP News) - ဇွန် ၆
တရုတ်အစိုးရဟာ ၎င်းရဲ့နိုင်ငံအတွင်း ဉာဏ်ရည်တု(AI)ဆိုင်ရာ စည်းမျဉ်းတွေ စတင်လုပ်ဆောင်ဖို့ ကြိုး ပမ်းနေပြီဖြစ်တယ်လို့ ကမ္ဘာ့ထိပ်တန်း ဘီလျံနာသူဋ္ဌေး အီလွန်မတ်က တနင်္လာနေ့(ဇွန်လ ၅ ရက်)မှာ ပြောကြားခဲ့ပါတယ်။
မတ်ဟာ တနင်္လာနေ့( ဇွန်လ ၅ ရက်)က အမေရိကန် ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း ရောဘက်ကန်နေဒီဂျား နဲ့ Twitter Space မှာတွေ့ဆုံဆွေးစဉ် ဒီမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
"ကျွန်တော်တရုတ်နိုင်ငံကို ခရီးထွက်ခဲ့စဉ်က အဲဒီမှာအကြီးတန်းခေါင်းဆောင်ပိုင်းတွေနဲ့တွေ့ဆုံခဲ့တယ်။သူတို့က ဉာဏ်ရည်တု(AI)အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကြီးကြပ်ကွပ်ကဲမှုနဲ့စည်းမျဉ်းစည်းကမ်းတွေ လိုအပ်တယ်လို့ ယူဆထားတယ်"လို့ Twitter နဲ့ Tesla ပိုင်ရှင်မတ်က ပြောကြားခဲ့ပါတယ်။
"ပြီးတော့ အဲဒီစကားဝိုင်းတွေကနေ ကျွန်တော်နားလည်လာခဲ့တာကတော့ တရုတ်နိုင်ငံဟာ သူတို့နိုင်ငံအတွက် AI စည်းမျဉ်းစည်းကမ်းတွေကို စတင်လုပ်ဆောင်တော့မယ် ဆိုတာပါပဲ"လို့ မတ်ကဆိုပါတယ်။
မတ်ဟာ ကြာသပတေးနေ့( ဇွန်လ ၁ ရက်)က သွားရောက်တဲ့ (၂)ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်မှာ ဒုတိယဝန်ကြီးချုပ် အပါအဝင် တရုတ်အစိုးရ ထိပ်တန်းအရာရှိတွေ၊ နိုင်ငံခြားရေး၊ စီးပွားကူးသန်းရောင်း ဝယ်ရေး၊ စက်မှုဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ Cyber space စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဟာ AI ဝန်ဆောင်မှုတွေကို စီမံခန့်ခွဲဖို့အတွက် စည်းမျည်းစည်းကမ်း မူကြမ်းကို ဧပြီလက ထုတ်ဖော်ပြသခဲ့ပါတယ်။
မကြာသေးမီလများအတွင်း သုံးစွဲမှုနှုန်းတွေ တိုးမြှင့်လာခဲ့တဲ့ OpenAI ရဲ့ ChatGPT ထွန်းသစ်စ နည်းပညာရဲ့ ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေ လျော့ပါးသက်သာစေဖို့ စည်းမျည်းစည်းကမ်းတွေကို ကမ္ဘာတစ်ဝှမ်းမှ အစိုးရတွေက စဉ်းစားနေကြပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုန်တိုင်းဘေးသင့်ဒေသများအတွက် အိန္ဒိယနိုင်ငံရှိ Global Pharma Healthcare PVT LTD မှ ရူပီး (၁၂)သိန်းနီးပါးတန်ဖိုးရှိ ဆေးဝါးများလှူဒါန်း
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ