မုန်တိုင်းဘေးသင့်ဒေသများအတွက် အိန္ဒိယနိုင်ငံရှိ Global Pharma Healthcare PVT LTD မှ ရူပီး (၁၂)သိန်းနီးပါးတန်ဖိုးရှိ ဆေးဝါးများလှူဒါန်း
စော (NP News) - ဇွန် ၆
မုန်တိုင်းဘေးသင့်ဒေသများအတွက် အိန္ဒိယနိုင်ငံရှိ Global Pharma Healthcare PVT LTD မှ ရူးပီး (၁၂) သိန်းနီးပါးတန်ဖိုးရှိ ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုင်ငံရေးဝန်ကြီးဌာနမှ ယနေ့(ဇွန်လ ၆ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
“မိုခါ”မုန်တိုင်းဘေးသင့်ပြည်သူများအတွက် ပြည်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ အိန္ဒိယနိုင်ငံရှိ Global Pharma Healthcare PVT LTDမှ ရူးပီး (၁,၁၉၃,၉၈၇)တန်ဖိုးရှိ ဆေးဝါး(၁၂၃)ပုံးကို နယူးဒေလီမြို့ရှိ မြန်မာသံရုံးသို့ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါဆေးဝါး(၁၂၃)ပုံးကို မြန်မာနိုင်ငံသို့ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မေလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်(၁)သိန်းကျော် တင်ပို့နိုင်ခဲ့
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ