(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
Pika (NSS) - အောက်တိုဘာ ၃
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော ထိုင်းနိုင်ငံမှ အသက်(၃၆)နှစ်အရွယ် အမျိုးသား တစ်ဦး သည် ဆေးကုသခွင့်လိုင်စင်မရှိဘဲ လိင်တံကြီး ထွားအောင်လုပ်ဆောင်ပေးသည့်လုပ်ငန်းကို နှစ်(၂၀) တိတိ လုပ်ကိုင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။
ထိုင်းနိုင်ငံအလယ်ပိုင်း Samut Sakhon မြို့တွင်နေထိုင်သည့် ကစ်တီကွန်ဆောင်စရီဆိုသည့် အမျိုးသားသည် ပြီးခဲ့သည့်နှစ်ပေါင်း(၂၀)အတွင်း လိင်တံကြီးထွားအောင်လုပ်ဆောင်ပေးသည့်လုပ်ငန်း ကို လုပ်ကိုင်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့်သီတင်းပတ်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရ သည်။ ၎င်း၏လုပ်ငန်းကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကြော်ငြာခဲ့ပြီး ဆေးဘက်ဆိုင်ရာသင်တန်းတက်ထားခြင်း သို့မဟုတ် ဆေးကုသခွင့်လိုင်စင်တို့ မရှိသော်လည်း တစ်လလျှင် လူနာအနည်းဆုံး(၂) ဦးမှ (၃) ဦးအထိ ကုသရကြောင်း ကစ်တီကွန်ဆောင်စရီကပြောကြားခဲ့သည်။
ကစ်တီကွန်ဆောင်စရီက ၎င်းသည် အသက် (၁၄) နှစ်အရွယ်တွင် လိင်တံကြီးထွားအောင် ဆေးထိုးခြင်းပညာရပ်ကို ကိုယ့်ဘာသာလေ့လာသင်ယူခဲ့ပြီး ထိုအချိန်မှစတင်ကာ ယင်းလုပ်ငန်းကို လုပ် ကိုင်နေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ဝန်ခံပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းထံတွင်လာရောက် ကုသပြီးနောက် ပြင်းထန်သောရောဂါပိုးကူးစက်ခံခဲ့ရသည့်လူနာတစ်ဦးက မကျေနပ်သဖြင့် အာဏာပိုင် များကို တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် ကျန်းမာရေးဝန်ဆောင် ထောက်ပံ့မှုဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့သည် ကစ်တီကွန်ဆောင်စရီကိုဆက်သွယ်ကာ လျှို့ဝှက်အေးဂျင့်တစ်ဦး ကို လူနာအဖြစ်ဟန်ဆောင်ခိုင်းခဲ့ကြောင်းလည်း သိရသည်။ ကစ်တီကွန်ဆောင်စရီသည် အဆိုပါလူနာကို ၎င်း၏နေအိမ်သို့ဖိတ်ခေါ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ကာ ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါလုပ်ငန်းကို နှစ်ပေါင်း (၂၀)ခန့်လုပ်ကိုင်ခဲ့ကြောင်းနှင့် ကုသမှုစရိတ် အဖြစ် တစ်ဦးလျှင် ဘတ်(၅၀ဝဝ)မှ ဘတ်(၂)သောင်းကြား ကောက်ခံခဲ့ကြောင်း ကစ်တီကွန်ဆောင်စရီက ဝန်ခံ ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က ၎င်းကို လိုင်စင်မရှိဘဲ ဆေးဘက်ဆိုင်ရာ ဝန်ဆောင် မှုများပေးဆောင်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဆေးခန်းဖွင့်ခြင်းတို့ဖြင့် တရားစွဲဆိုထားကြောင်းသိရသည်။
ထို့ပြင် ကစ်တီကွန်ဆောင်စရီသည် ၎င်းထံတွင်လာရောက်ကုသပြီးနောက် ပြင်းထန်သော ရောဂါပိုးကူးစက်ခံခဲ့ရသည့် လူနာထံမှ တရားဥပဒေအရအရေးယူမှုကိုခံရမည်ဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ