တရုတ်နိုင်ငံက ပဉ္ဓမမြောက်လူလိုက်ပါတဲ့ အာကာသမစ်ရှင် Shenzhou-16 ကို မနက်ဖြန်တွင် တရုတ်အာကာသစခန်းသို့လွှတ်တင်မည်
ရောင်နီ (NP News) - မေ ၂၉
တရုတ်နိုင်ငံဟာ အာကာသယာဉ်မှူး(၃)ဦးပါဝင်မယ့် ပဉ္စမမြောက် အာကာသမစ်ရှင် Shenzhou-16 ကို အင်္ဂါနေ့( မေလ ၃ဝ ရက်)မှာ လွှတ်တင်မယ်လို့ China Manned Space Agency မှ တနင်္လာနေ့ ( မေလ ၂၉ ရက်)မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
Shenzhou-16 အာကာသယာဉ်ကို Long March 2F ဒုံးပျံပေါ်မှ မေလ ၃ဝ ရက်၊ နံနက် ၉ နာရီ ၃၁ မိနစ် အချိန်မှာ လွှင့်တင်မှာဖြစ်တယ်လို့ သိရပါတယ်။ Shenzhou 16 မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အာကာသယာဉ်မှူးတပ်ဖွဲ့ (PLAAC) taikonauts မှတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ Beihang တက္ကသိုလ်မှဝန် ထောက်ကျွမ်းကျင်သူတစ်ဦးတို့ လိုက်ပါမှာဖြစ်ပြီး အဆိုပါ မစ်ရှင်ဟာ Shenzhou Mission ရဲ့ ဆယ့်ခြောက်ခုမြောက် အာကာသလေကြောင်း ခရီးစဉ်ဖြစ်ပါတယ်။ Shenzhou 16 ဟာ Tiangong အာကာသစခန်းကို ပဉ္စမအကြိမ်မြောက် ကြာရှည်စွာ ပျံသန်းမယ့် အာကာသပျံသန်းမှုဖြစ်ပြီး ပျံသန်းမှုအချိန် ခြောက်လခန့် ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။
Shenzhou 16 ကို ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလက တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ Shenzhou 17 နဲ့ Shenzhou 18 အာကာသယာဉ်တွေကိုလည်း လက်ရှိမှာ တပ်ဆင်စမ်းသပ်နေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ယခုမစ်ရှင် လုပ်ဆောင်ချက်တွေဟာ လကမ္ဘာနဲ့ အင်္ဂါဂြိုဟ်ပေါ်ကို လူသားသက်ရှိတွေ ပို့ဆောင်နိုင်ဖို့ အဓိက ရည်မှန်းထားတယ်လို့ သိရပါတယ်။
zawgyi version
တ႐ုတ္ႏိုင္ငံက ပၪၶမေျမာက္လူလိုက္ပါတဲ့ အာကာသမစ္ရွင္ Shenzhou-16 ကို မနက္ျဖန္တြင္ တ႐ုတ္အာကာသစခန္းသို႔လႊတ္တင္မည္
ေရာင္နီ (NP News) - ေမ ၂၉
တ႐ုတ္ႏိုင္ငံဟာ အာကာသယာဥ္မႉး(၃)ဦးပါဝင္မယ့္ ပၪၥမေျမာက္ အာကာသမစ္ရွင္ Shenzhou-16 ကို အဂၤါေန႔( ေမလ ၃ဝ ရက္)မွာ လႊတ္တင္မယ္လို႔ China Manned Space Agency မွ တနလၤာေန႔ ( ေမလ ၂၉ ရက္)မွာ ထုတ္ျပန္ခ်က္အရ သိရပါတယ္။
Shenzhou-16 အာကာသယာဥ္ကို Long March 2F ဒုံးပ်ံေပၚမွ ေမလ ၃ဝ ရက္၊ နံနက္ ၉ နာရီ ၃၁ မိနစ္ အခ်ိန္မွာ လႊင့္တင္မွာျဖစ္တယ္လို႔ သိရပါတယ္။ Shenzhou 16 မွာ ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ အာကာသယာဥ္မႉးတပ္ဖြဲ႕ (PLAAC) taikonauts မွတပ္ဖြဲ႕ဝင္ႏွစ္ဦးနဲ႔ Beihang တကၠသိုလ္မွဝန္ ေထာက္ကြၽမ္းက်င္သူတစ္ဦးတို႔ လိုက္ပါမွာျဖစ္ၿပီး အဆိုပါ မစ္ရွင္ဟာ Shenzhou Mission ရဲ႕ ဆယ့္ေျခာက္ခုေျမာက္ အာကာသေလေၾကာင္း ခရီးစဥ္ျဖစ္ပါတယ္။ Shenzhou 16 ဟာ Tiangong အာကာသစခန္းကို ပၪၥမအႀကိမ္ေျမာက္ ၾကာရွည္စြာ ပ်ံသန္းမယ့္ အာကာသပ်ံသန္းမႈျဖစ္ၿပီး ပ်ံသန္းမႈအခ်ိန္ ေျခာက္လခန႔္ ၾကာျမင့္မယ္လို႔ ခန႔္မွန္းထားပါတယ္။
Shenzhou 16 ကို ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလက တည္ေဆာက္ၿပီးစီးခဲ့တာျဖစ္ၿပီး တစ္ခ်ိန္တည္းမွာပဲ Shenzhou 17 နဲ႔ Shenzhou 18 အာကာသယာဥ္ေတြကိုလည္း လက္ရွိမွာ တပ္ဆင္စမ္းသပ္ေနတယ္လို႔ သိရပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕ ယခုမစ္ရွင္ လုပ္ေဆာင္ခ်က္ေတြဟာ လကမာၻနဲ႔ အဂၤါၿဂိဳဟ္ေပၚကို လူသားသက္ရွိေတြ ပို႔ေဆာင္ႏိုင္ဖို႔ အဓိက ရည္မွန္းထားတယ္လို႔ သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ဂတ်အိုးရောင်းသည့်ဆိုင်တွင် ဂတ်အိုးပွင့်ရာမှ မီးလောင်မှုဖြစ်ပွား
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ