ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ဂတ်အိုးရောင်းသည့်ဆိုင်တွင် ဂတ်အိုးပွင့်ရာမှ မီးလောင်မှုဖြစ်ပွား
NP News - မေ ၂၉
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဂတ်အိုးရောင်းသည့်ဆိုင်၌ ဂတ်အိုးပွင့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(မေလ ၂၉ရက်)၊ နံနက်(၁ဝ)နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အမှတ်(၅၅) ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်း၌ ဖြစ်ပွားခဲ့ကြောင်း 5B Taxi လူမှုကူညီရေးအသင်းထံမှသိရသည်။
“ဘေးကလူတွေပြောတာကတော့ ဂတ်အိုးပွင့်ပြီး မီးလောင်တာပါ။ အိမ်သုံးဂတ်မီးဖိုအသေးလေးတွေရောင်းတဲ့ဆိုင်ပါ။ ဂိုဒေါင်လို့လဲပြောတယ်။ အခြားအိမ်တွေ မီးကူးတာတော့မရှိဘူး။ မီးလောင်သွားတော့ အကုန်ကုန်တာပဲ ပေါက်ကွဲမှုတွေဘာတွေဖြစ်သွားတယ်လေ”ဟု 5B Taxi လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါမီးလောင်မှုသည် နံနက်(၁ဝ)နာရီ(၄၅)မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်းသိရပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။
zawgyi version
ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ရွိ ဂတ္အိုးေရာင္းသည့္ဆိုင္တြင္ ဂတ္အိုးပြင့္ရာမွ မီးေလာင္မႈျဖစ္ပြား
NP News - ေမ ၂၉
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ ဂတ္အိုးေရာင္းသည့္ဆိုင္၌ ဂတ္အိုးပြင့္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ေမလ ၂၉ရက္)၊ နံနက္(၁ဝ)နာရီခြဲအခ်ိန္တြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)၊ အမွတ္(၅၅) ရပ္ကြက္၊ မင္းရဲေကာင္းပုံလမ္း၌ ျဖစ္ပြားခဲ့ေၾကာင္း 5B Taxi လူမႈကူညီေရးအသင္းထံမွသိရသည္။
“ေဘးကလူေတြေျပာတာကေတာ့ ဂတ္အိုးပြင့္ၿပီး မီးေလာင္တာပါ။ အိမ္သုံးဂတ္မီးဖိုအေသးေလးေတြေရာင္းတဲ့ဆိုင္ပါ။ ဂိုေဒါင္လို႔လဲေျပာတယ္။ အျခားအိမ္ေတြ မီးကူးတာေတာ့မရွိဘူး။ မီးေလာင္သြားေတာ့ အကုန္ကုန္တာပဲ ေပါက္ကြဲမႈေတြဘာေတြျဖစ္သြားတယ္ေလ”ဟု 5B Taxi လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါမီးေလာင္မႈသည္ နံနက္(၁ဝ)နာရီ(၄၅)မိနစ္အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္းသိရၿပီး မီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမရွိခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (၅)ကျောင်းမှ ပထမနှစ်သင်တန်းအတွက် သင်တန်းသားအသစ်များခေါ်ယူ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း