သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (၅)ကျောင်းမှ ပထမနှစ်သင်တန်းအတွက် သင်တန်းသားအသစ်များခေါ်ယူ
စော (NP News) - မေ ၂၉
တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်နှင့် မန္တလေး သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းများမှ ပထမနှစ်သင်တန်းအတွက် သင်တန်းသားအသစ်များ ခေါ်ယူနေကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနမှ ယမန်နေ့(မေလ ၂၈ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများတွင် ပထမနှစ်သင်တန်းကို ဇွန်လ(၁၆)ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လျှောက်ထားလိုသူများသည် အသက်(၁၆)နှစ်မှ အသက်(၂၅)နှစ်အတွင်း ဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင်လျှောက်ထားလိုသူများအနေဖြင့် အခြေခံပညာစနစ်သစ်တွင် Grade 10 အောင်မြင်သူဖြစ်ရန်လိုအပ်ပြီး အခြေခံပညာစနစ်ဟောင်းတွင် အဋ္ဌမတန်းအောင်မြင်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းအောင်မြင်သူများသည် သမဝါယမကောလိပ်တွင် ဆက်လက်ပညာသင်ကြားနိုင်မည့် အခွင့်အရေးများရရှိနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် သင်တန်းသို့တက်ရောက်ခွင့်ရရှိသူများကို စားရေးသောက်ရေးအတွက် အဆင်ပြေအောင် စီစဉ်ထားမည်ဖြစ်ပြီး နယ်မှတက်ရောက်သူများအတွက် အဆောင်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာများကို ဇွန်လ(၁၅)ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
သမဝါယမစာရင္းေရး စာရင္းကိုင္သက္ေမြးပညာသင္တန္းေက်ာင္း (၅)ေက်ာင္းမွ ပထမႏွစ္သင္တန္းအတြက္ သင္တန္းသားအသစ္မ်ားေခၚယူ
ေစာ (NP News) - ေမ ၂၉
ေတာင္ႀကီး၊ မေကြး၊ ပုသိမ္၊ ေမာ္လၿမိဳင္ႏွင့္ မႏၲေလး သမဝါယမစာရင္းေရး စာရင္းကိုင္သက္ေမြးပညာ သင္တန္းေက်ာင္းမ်ားမွ ပထမႏွစ္သင္တန္းအတြက္ သင္တန္းသားအသစ္မ်ား ေခၚယူေနေၾကာင္း သိရသည္။
သမဝါယမႏွင့္ေက်းလက္ဖြံၿဖိဳးေရးဝန္ႀကီးဌာနမွ ယမန္ေန႔(ေမလ ၂၈ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါ သမဝါယမစာရင္းေရး စာရင္းကိုင္သက္ေမြးပညာသင္တန္းေက်ာင္းမ်ားတြင္ ပထမႏွစ္သင္တန္းကို ဇြန္လ(၁၆)ရက္တြင္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ အသက္(၁၆)ႏွစ္မွ အသက္(၂၅)ႏွစ္အတြင္း ျဖစ္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ အေျခခံပညာစနစ္သစ္တြင္ Grade 10 ေအာင္ျမင္သူျဖစ္ရန္လိုအပ္ၿပီး အေျခခံပညာစနစ္ေဟာင္းတြင္ အ႒မတန္းေအာင္ျမင္သူျဖစ္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
အဆိုပါ သမဝါယမစာရင္းေရး စာရင္းကိုင္သက္ေမြးပညာသင္တန္းေအာင္ျမင္သူမ်ားသည္ သမဝါယမေကာလိပ္တြင္ ဆက္လက္ပညာသင္ၾကားႏိုင္မည့္ အခြင့္အေရးမ်ားရရွိႏိုင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ထို႔ျပင္ သင္တန္းသို႔တက္ေရာက္ခြင့္ရရွိသူမ်ားကို စားေရးေသာက္ေရးအတြက္ အဆင္ေျပေအာင္ စီစဥ္ထားမည္ျဖစ္ၿပီး နယ္မွတက္ေရာက္သူမ်ားအတြက္ အေဆာင္စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ေလွ်ာက္လႊာမ်ားကို ဇြန္လ(၁၅)ရက္ေနာက္ဆုံးထား၍ ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မေလ ၂၉ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ ပြည်တွင်းနှင့် ပြည်ပမှ သတင်းထူးများ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း