Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ

Pika (NSS) - အောက်တိုဘာ ၁

မြောက်ကိုရီးယားနိုင်ငံသည် လာမည့်နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲအပြီးတွင် ၎င်း၏(၇)ကြိမ်မြောက်စမ်းသပ်မှု ဖြစ်လာ မည့်  နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်နိုင်ဖွယ်ရှိ ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီမှ အရာရှိတစ်ဦး၏ ပြောကြားချက်များကို ကိုးကားပြီး Yonhap သတင်းအေဂျင်စီကရေးသားဖော်ပြခဲ့သည်။


မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏(၇)ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို အမေရိကန် သမ္မတရွေးကောက်ပွဲအပြီးတွင် လုပ်ဆောင်နိုင်ဖွယ် ရှိကြောင်း စက်တင်ဘာလ(၂၆)ရက်နေ့တွင် အမျိုးသားထောက်လှမ်း ရေးဝန်ဆောင်မှု(NIS)က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တောင်ကိုရီးယားလွှတ်တော် ထောက်လှမ်းရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် Lee Seong Kweun က သတင်းထောက်များကို ယခုကဲ့သို့ အတည်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် ဂြိုဟ်တုလွှတ်တင်ခြင်း နှင့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်းတို့ကဲ့သို့သော အခြားလုပ်ရပ်များနှင့်အတူ နျူကလီးယား စမ်းသပ်မှုကို လုပ်ဆောင်နိုင်ဖွယ်ရှိနေသည်ဟု  NIS က တောင်ကိုရီးယားလွှတ်တော်ထောက်လှမ်းရေး ကော်မတီကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် မြောက်ကိုရီးယားတွင် ပလူတိုနီယမ်(၇၀)ကီလိုဂရမ်ခန့်နှင့် နျူကလီးယားလက်နက်များတည်ဆောက်ရန်လုံလောက်သော သန့်စင်ထားသည့်ယူ ရေနီယမ်ပမာဏအများအပြားကို ပိုင်ဆိုင်ထားသည် ဟု တောင်ကိုရီးယားလွှတ်တော်အမတ်များကို NIS ကပြောကြားခဲ့ကြောင်းလည်းသိရသည်။ ယခုလအစောပိုင်းတွင် မြောက်ကိုရီးယားအစိုးရ ခေါင်း ဆောင်ကင်ဂျုံအန်က ယူရေနီယမ်သန့်စင်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးနေသည့် ဓာတ်ပုံများကို ပထမဆုံးအကြိမ်ထုတ်ပြန်ပြသခဲ့ပြီး နောက် ယခုလိုခန့်မှန်းပြောဆိုချက်များထွက်ပေါ် လာခြင်းဖြစ်သည်။ မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်များသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အများအပြားအရ တားမြစ်ပိတ်ပင်ခံ ထားရကြောင်းလည်းသိရသည်။

၂၀ဝ၆ ခုနှစ်တွင် ပထမဆုံးနျူကလီးယားစမ်းသပ် မှုကို လုပ်ဆောင်ခဲ့သည့် မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ယူရေနီယမ်သန့်စင်သည့်စက်ရုံများနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို လူသိရှင်ကြားထုတ်ပြန်ခဲ့သည်မှာ ယခုအကြိမ်က ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံတွင် ယူရေနီယမ် သန့်စင်ရန်အတွက် နေရာအများအပြားရှိပုံပေါ် ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောကြားထား သည်။ ယူရေနီယမ်သည် သဘာဝအတိုင်းတည်ရှိနေသော ရေဒီယိုသတ္တိြွကဒြပ်စင်ဖြစ်ပြီး အများအားဖြင့် နျူကလီးယားလက်နက်များတွင် အသုံးပြုကြောင်း လည်းသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်

RECENT POSTS
ကိုးကန့်ဒေသ ဗမာ မဝင်ရ၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်လမ်းပေါ်တက်လာတဲ့ PDF၊ ငလျင်ပြတ်ရွေ့ကြောရှိပေမယ့် ​နျူလျှပ်စစ်စက်ရုံ ဆက်လုပ်မယ်လို့ Rosatom ကြေညာ၊ အပြောင်းအလဲမရှိ စာမေးပွဲ ဆက်ဖြေခိုင်းမယ့် ပညာရေး ဝန်ကြီးဌာန (23-4-2025)
23 Apr 2025
ယနေ့ ဧပြီ ၂၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
23 Apr 2025
ငလျင်ဖြစ်ဒေသများရှိ စက်သုံးဆီဆိုင်အချို့ မူလဈေးနှုန်းအောက်လျော့၍ ပြန်လည်ရောင်းချပေးနေ
23 Apr 2025
ရန်ကုန်စည်ပင်မှ နေ့စဥ်ရေဆိုးစွန့်ပြစ်မှု စနစ်တကျဖေ်ဆောင်နေ
23 Apr 2025
ငွေကျပ်(၆)ဘီလျံကျော် သုံးစွဲထားတဲ့ UAB Foundation ရဲ့ အဆင့်မြင့် ငလျင်ကယ်ဆယ်ရေးစခန်းကို လေ့လာခြင်း
23 Apr 2025
ဗြိတိန်က ဖောက်ခွဲရေးပစ္စည်းတွေကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်သွားမယ်
23 Apr 2025
နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖို့အတွက် ဆော်ဒီအာရေးဗျနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ သွားရောက်လည်ပတ်
23 Apr 2025
အတားအဆီးတချို့ကို ဖယ်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ဆွေးနွေးပွဲတွေက ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရပြော
23 Apr 2025
ပြီးခဲ့တဲ့လမှာစတင်ခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကျော်သေဆုံး
23 Apr 2025
ပါကစ္စတန်မှာ လေထုညစ်ညမ်းမှုကြောင့် ကလေးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လျက်ရှိ
23 Apr 2025
တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ
23 Apr 2025
တပ်မတော်မှအင်အား (၂၀၀၀)ကျော်ဖြင့် လားရှိုးမြို့အတွင်း လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူထားပြီ
22 Apr 2025
တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလကုန် အထိ တိုးမြှင့်သတ်မှတ်
22 Apr 2025
လားရှိုးမှ MNDAAဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာ
22 Apr 2025
လားရှိုးမြို့အတွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်
22 Apr 2025
ပုပ်ရဟန်းမင်းကြီး ရာထူး ကို ဆက်ခံနိုင်ဖွယ်ရှိသော ကာဒီနယ် ၁၅ ဦး စာရင်းတွင် မြန်မာနိုင်ငံမှ ချားစ် မောင်ဘို လည်း ပါဝင်
22 Apr 2025
လာရှိုးသဘောတူညီချက်အချို့ ထွက်ပေါ်လာ ၊ ငလျင်ဒဏ်သင့် နိုင်ငံဝန်ထမ်းများအတွက်အစိုးရက လုပ်ပေးသင့်သော ကဏ္ဍများ တိုက်တွန်းချက်၊ ကော့ဂရိတ် ကျုံဒိုးကြားက တိုက်ပွဲအခြေအနေ ၊ NUG အောက်ကနေ နှုတ်ထွက်တဲ့ ကျောက်ဆည် PDF (21-5-2025)
22 Apr 2025
Max ဘိလပ်မြေစက်ရုံမှတိုက်ရိုက်မှာယူသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းရန် ဝန်ခံကတိထိုးပြီးမှ ဖြန့်ဖြူးပေးနေ
22 Apr 2025
ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသတွင် PDF ပူးပေါင်းအဖွဲ့က အင်အားစုဖွဲ့နေ
22 Apr 2025
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ
22 Apr 2025
FOLLOW US

Copyright © News Services Station | All Right Reserved