ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်

Pika (NSS) - အောက်တိုဘာ ၁
တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်သည် ကိုရီးယား-အမေရိကန်စီးပွားရေးလုပ်ငန်းရှင် မက်သရူးရှန်ပိုင်းနှင့် လက်ထပ်ပြီးနောက် (၅) နှစ်အကြာတွင် ကွာရှင်းပြတ်စဲခဲ့ကြောင်း စက်တင်ဘာလ (၂၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကလောက်ဒီးယားကင်မ်၏အေဂျင်စီ YG Entertainment က ''သေချာဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးနောက် ကလောက်ဒီးယားကင်မ်ဟာ ၎င်းရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အေးအေးဆေးဆေးနဲ့ပဲ သဘောတူညီချက်ရယူခဲ့ပြီး ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးစလုံးဟာ မတူညီတဲ့လမ်းတွေကို လျှောက်နေကြပြီဖြစ်ပေမယ့်လည်း တစ်ဦးနဲ့တစ်ဦးပံ့ပိုးကူညီနေကြတုန်းပါပဲ။ အများကြီးစဉ်းစားပြီး လုံလောက်တဲ့ဆွေးနွေးမှုတွေအပြီးမှာ ဒီဆုံးဖြတ်ချက်ကို ချခဲ့ကြတာပါ။ ဒါကြောင့်မို့လို့ မကောင်းတဲ့ ထင် မြင်ချက်တွေနဲ့ ထင်ကြေးပေးတာတွေ မလုပ်ကြဖို့ ကျွန်တော်တိုတောင်းဆိုပါတယ်''ဟု ထုတ်ပြန်ပြောဆိုထားသည်။
ကလောက်ဒီးယားကင်မ်သည် Avengers: Age Of Ultron: Fantastic Beasts: The Secrets of Dumbledore၊ Fantastic Beasts: The Crimes of Grindelwald တို့ကဲ့သို့သော ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ် ဆောင်ထားသည့် နာမည်ကျော်ရုပ်ရှင်မင်းသမီးဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ကလောက်ဒီးယားကင်မ်နှင့် မက်သရူးရှန်ပိုင်းတို့တွင် (၂၀၂၀) ပြည့်နှစ် အောက်တိုဘာလ(၁)ရက်နေ့တွင်မွေးဖွားခဲ့သော အသက်(၃)နှစ်အရွယ် သမီးငယ်လေးတစ်ဦးရှိကြောင်းလည်း သိရသည်။ မကြာသေးမီက ကလောက်ဒီးယားကင်မ် နှင့် ၎င်း၏သမီးတို့သည် စင်ကာပူနိုင်ငံသို့ သွားရောက်ကာ Marina Bay Sands နှင့် Merlion Park တို့ကို သွားရောက်လည်ပတ်ခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
RELATED POSTS
19 Mar 2025 | အနုပညာ,နိုင်ငံတကာ
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ