Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို

ယွန်း (NSS) - အောက်တိုဘာ ၁

ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့်အနေအထားရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NSS ကို ပြောသည်။

လတ်တလောတွင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး မြန်မာနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံအများအပြား၌ ရေကြီးရေလျှံမှုများအပါအဝင် ပြင်းထန်သည့် သက်ရောက်မှုများကို ကြုံတွေ့နေရကြောင်း သိရသည်။


ထို့ကြောင့် ပြည်တွင်းဈေးကွက်တည်ငြိမ်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကိုလုပ်ဆောင်ရန် ပို၍ လိုအပ်လာပြီး လာမည့်အောက်တိုဘာလတွင် ဖြစ်ပေါ်လာနိုင်မည့် ရာသီဥတုပြောင်းလဲမှုများကို စောင့်ကြည့်ရမည့် အနေအ ထားတွင်ရှိနေကြောင်း သိရသည်။

“အဓိကကတော့ ရာသီဥတုပြောင်းလဲမှု အနေအထားက ဗီယက်နမ်မှာဆိုလည်း ပြင်းထန်တဲ့ သက်ရောက်မှုတွေခံစားရတယ်။ ထိုင်းမှာလည်း ရာသီဥတုပြောင်းလဲမှုကြောင့် သက်ရောက်မှုတွေများ တယ်။ ကျွန်တော်တို့နိုင်ငံဆိုရင်လည်း များတယ်။ နောက်တစ်ခုက မိုးစပါးရာသီကမကုန်သေးဘူး။ စက် တင်ဘာနဲ့ အောက်တိုဘာလကုန်အထိကို နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ဖြစ် ပေါ်လာနိုင်တဲ့ ရေကြီးရေလျှံမှုတွေက ချင့်ချိန်ရမယ့် အပိုင်းတွေဖြစ်သွားတာပေါ့” ဟု ဦးရဲမင်းအောင်က ဆိုသည်။

သို့သော် ပြည်ပဆန်တင်ပို့မှုကို ယခင် မျှော်မှန်းထားသည့်အတိုင်း တစ်လလျှင် တန်ချိန်(၂)သိန်း တင်ပို့နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်သော် လည်း ရာသီဥတုအနေအထားများ ပြောင်းလဲလာသည့် အတွက် ပြည်ပတင်ပို့မှုကို ချင့်ချိန်ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။

“ နိုင်ငံတိုင်းကတော့ ပြည်ပတင်ပို့မှုကို ချင့်ချိန်ဆောင်ရွက်မယ့်အနေအထားများပါတယ်။  Target  ကတော့ထားတယ်။ မပြောင်းလဲဘူး။ မြန်မာနိုင်ငံဆို တစ်လကိုဆန်တန်ချိန် (၂) သိန်း  Target  ထားတယ်။ ဗီယက်နမ်ဆိုလည်း တစ်လကို (၄)သိန်း၊ (၅)သိန်းလောက်ပို့ဖို့  Target  ထားတယ်။ မြန်မာ နိုင်ငံတစ်ခုတည်းမဟုတ်ဘူး။ နိုင်ငံတိုင်းမှာလိုတာပေါ့။ အိန္ဒိယဆိုရင်လည်း ကျွန်တော်တို့တစ်နှစ်ပို့တဲ့ ပမာဏကို တစ်လလောက်နဲ့ကိုပို့တယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံကိုယ်၌က ပို့ကုန်နဲ့ပတ်သက်တဲ့ကိစ္စတွေကို သုံးသပ်ဆောင်ရွက်နေတာတွေရှိတယ်။ ကုန်သွယ်မှုမှာတော့ ပူးပေါင်း‌ ဆောင်ရွက်ကြတယ်။ ရာသီဥတု အနေအထားသည် စားနပ်ရိက္ခာဖူလုံမှုပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိလာနိုင်တယ်ဆိုတာကို ချင့် ချိန်ဆောင်ရွက်ရမှာပေါ့။ ဒါကြောင့်မို့လို့ အရန်ဆန်တို့၊ အရန်စားနပ်ရိက္ခာတို့ရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးပါလာတာပေါ့” ဟု ဦးရဲမင်းအောင်က အသိပေးထားသည်။

လက်ရှိတွင် ‌မြန်မာနိုင်ငံအနေဖြင့် ဒေသ တွင်း စားနပ်ရိက္ခာဖူလုံရေးအပါအဝင် စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေးများကို အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် ဖိလစ်ပိုင်နိုင်ငံတို့နှင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ အရန်ဆန် လုံလောက်စွာရှိနေပြီး ပိုလျှံနေသည့် အတွက် လက်ရှိ အချိန် အထိ စိုးရိမ်ရမည့်အနေအထားမရှိသေးသော်လည်း ရာသီဥတုပြောင်းလဲမှုပေါ်မူတည်၍ ချင့်ချိန်ဆောင်ရွက်ရန်လိုကြောင်း ဦးရဲမင်းအောင်က ဆိုထားသည်။ ယခု (၂၀၂၄ -၂၀၂၅) ဘဏ္ဍာရေးနှစ်၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်တန်ချိန်(၂)သန်းနီးပါး တင်ပို့ရန်လျာထားပြီး ပို့ကုန်ရငွေအနေဖြင့် အမေရိကန်ဒေါ်လာ(၁)ဘီလျံအထိ ရရှိရန် မျှော်မှန်းထားသည်။ 

ထို့ပြင် ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် အယ်နီညိုရာသီ ဥတုဖြစ်စဉ်ကြောင့်လည်း နိုင်ငံအချို့၏ စပါးထွက်ရှိမှုများထိခိုက်ခဲ့ပြီး ဆန်ဈေးကြီးမြင့်မှုများနှင့်ပါ ရင်ဆိုင်ခဲ့ကြရသည်။       


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော

RECENT POSTS
ယနေ့ ဇူလိုင်လ(၁၅)ရက်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာက စိတ်ဝင်စားဖွယ်သတင်းများ
15 Jul 2025
အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကာ လှေလှော်ခဲ့သည့် ဗြိတိန်အမျိုးသမီး
15 Jul 2025
ထိုင်းထက်စာလျှင် တောင်ကိုရီးယားက အိမ်လိုမျိုးခံစားရကြောင်း BLACKPINK အဖွဲ့ဝင် လီဆာ ထုတ်ဖော်ပြောဆို
15 Jul 2025
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တိုက်ပွဲဖြစ်ပွားပါက ယူနက်စကိုစာရင်းမှ ပယ်ဖျက်ခံရနိုင်ဟုဆို
15 Jul 2025
တရုတ်နိုင်ငံဟာ အီရန်နိုင်ငံရဲ့ အရေးပါတဲ့ ကာကွယ်ရေးမိတ်ဖက် ဖြစ်လာနိုင်လား
15 Jul 2025
" ဆောက်လုပ်ရေးလောကကနေ ထွက်ပြီး သူများဆီမှာ ဝန်ထမ်းသွားလုပ်ရသူတောင်ရှိလာတယ်" အစိုးရတင်ဒါ . . . ဘယ်သူသာ
15 Jul 2025
" ကျွန်တော်နှင့် ငြိမ်းချမ်းရေးဖိုရမ်"
15 Jul 2025
KIA ၏ ရွှေလုပ်ကွက်များတွင် အသုံးပြုသောသံပိုက်များကို သိန်းထောင်ချီအကုန်အကျခံကာ မန္တလေးမှ လစဉ်တင်ပို့နေ
15 Jul 2025
ယခုသီတင်းပတ်အတွင်း ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မျှော်လင့်ထားတယ်လို့ ဒေါ်နယ်ထရမ့်ပြော
15 Jul 2025
MSME လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် ကဏ္ဍအလိုက် တာဝန်ယူရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးဆို
15 Jul 2025
ယူကရိန်းစစ်ပွဲ၊ အမေရိကန်နဲ့ဆက်ဆံရေးတို့ကို ရုရှားနဲ့တရုတ်တို့ဆွေးနွေး
15 Jul 2025
နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံများတည်ဆောက်ရေးအတွက် မြန်မာ - ရုရှားဆွေးနွေး
15 Jul 2025
PLAVE ရဲ့ အာရှဖျော်ဖြေရေး ဖိုင်နယ် ရှိုးပွဲ Lotte Cinema မှာ တိုက်ရိုက် ထုတ်လွှင့် ပြသမည်
15 Jul 2025
AA ထိန်းချုပ်ရာ ရခိုင်ဒေသတွင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ပြည်သူများအခက်တွေ့
15 Jul 2025
ဗြိတိန်နိုင်ငံမှာ ခရီးသည်တင်လေယာဉ်ငယ်တစ်စင်းပျက်ကျ
15 Jul 2025
ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်တွေ ထပ်မံပေးပို့သွားမယ်လို့ ဒေါ်နယ်ထရမ့်အတည်ပြု
15 Jul 2025
တောင်ကိုရီးယား မင်းသမီး ဂန်ဆိုဟာ ကင်ဆာရောဂါနဲ့ အသက်(၃၁)နှစ်မှာ ကွယ်လွန်
15 Jul 2025
တောင်ပိုင်းရခိုင်တွေ AA ကိုဆန္ဒပြမယ့်ကိစ္စ ဘယ်သူခွင့်မပြုသလဲ၊ နောင်ချို ဂုတ်တွင်းတံတားကို ပလောင်ပူးပေါင်းအဖွဲ့ ချိုးခဲ့ပြီ၊ ကန့်ဘလူ - ဇီးကုန်းမြို့ပေါ်က ပစ်ခတ်မှု၊ သပိတ်ကျင်းနဲ့ (၄)မိုင်အလို၊ ဒီမော့ဆိုကို ထိုးစစ်စတော့မလား (၁၄-၇-၂ဝ၂၅)
14 Jul 2025
ယနေ့ ဇူလိုင်လ(၁၄)ရက်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာက စိတ်ဝင်စားဖွယ်သတင်းများ
14 Jul 2025
ဗြိတိန်နိုင်ငံရဲ့အသက်အကြီးဆုံးနဲ့ ဒုတိယကမ္ဘာစစ်ပြန် အမျိုးသား ကွယ်လွန်
14 Jul 2025
FOLLOW US

Copyright © News Services Station | All Right Reserved