ဒုတိယမြောက်ရင်သွေးလေးကို အောင်မြင်စွာမွေးဖွားခဲ့ပြီဖြစ်တဲ့ တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင် လီဂျွန်ဟွန်း
Pika (NSS) - နိုဝင်ဘာ ၂၁
တောင်ကိုရီးယားနာမည်ကျော် အဆိုတော်နှင့်ရုပ်ရှင်သရုပ်ဆောင် လီဂျွန်ဟွန်းသည် ၎င်း၏ဒုတိယမြောက်ရင်သွေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
လီဂျွန်ဟွန်းသည် အဆိုပါဝမ်းသာစရာသတင်းကို နိုဝင်ဘာလ(၁၉)ရက်တွင် ၎င်း၏ကိုယ်ရေးကိုယ်တာအကောင့်မှတစ်ဆင့် မျှဝေခဲ့ခြင်းဖြစ်သည်။ လီ ဂျွန်ဟွန်းက "ကျွန်မရဲ့ဒုတိယမြောက်ရင်သွေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါပြီ။ ကျွန်မရဲ့ကျန်းမာရေးကလည်း ပြန်လည်ကောင်းမွန်လာပါပြီ။ ကလေးကလည်း ကျန်းကျန်းမာမာ ကောင်းကောင်းမွန်မွန်ပဲရှိနေပါတယ်။ကျွန်မက ဒုတိယမြောက်ကလေးရဲ့ မေမေအသစ်ဆိုတာ ဘယ်သူမှထင်ကြမှာမဟုတ်ပါဘူး"ဟု ပြောဆိုခဲ့သည်။
ထို့ပြင် လီဂျွန်ဟွန်း၏ ဒုတိယမြောက်ရင်သွေးမွေးဖွားမှုကို ပရိသတ်များက ဂုဏ်ပြုကြောင်းပို့စ်များကို ရေးသားဖော်ပြခဲ့ကြကြောင်းလည်း သိရသည်။ပရိသတ်တစ်ဦးက"ဒုတိယမြောက်ရင်သွေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ကလေးငယ်လေးက လီဂျွန်ဟွန်းလိုမျိုး လှလှပပလေးနဲ့ ကြီးပြင်းလာပါစေ။ ကျန်းမာပျော်ရွှင်ကြပါစေ"ဟု ရေးသားဖော်ပြခဲ့သည်။ လီဂျွန်ဟွန်းသည် ၎င်း၏ဒုတိယမြောက်ကိုယ်ဝန်အကြောင်းကို ပြီးခဲ့သည့်ဇွန်လ အစောပိုင်းတွင် KBS2 အစီအစဉ် 'Stars'တွင် ထုတ်ပြန် ကြေ ညာခဲ့သည်။ လီဂျွန်ဟွန်းသည် ၎င်း၏ခင်ပွန်းဖြစ်သူနှင့် (၂၀၁၉)ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ပထမဆုံးသမီးငယ်လေး ဆိုးအယ်ကို (၂၀၂၂)ခုနှစ်တွင် အောင်မြင်စွာမွေးဖွားခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်အချို့၌ ကျောင်းအပ်နှံခြင်းနှင့် ငွေသွင်းခြင်းကိစ္စရပ်များကို Online မှတစ်ဆင့် စတင်ဆောင်ရွက်နိုင်ပြီ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ