Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရေတပ်စွမ်းရည်မြှင့်တင်မည့် အင်ဒိုနီးရှားက အိန္ဒိယ၏ ရေငုပ်သင်္ဘောများကို မျက်စိကျနေ

Htay Oung (NSS) - စက်တင်ဘာ ၂၉

ဒေသတွင်း မဟာဗျူဟာ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် သူ့နိုင်ငံရဲ့ ရေတပ်စွမ်းရည်ကို မြှင့်တင်လိုတဲ့ အင်ဒိုနီးရှားဟာ အိန္ဒိယထံမှ ရေငုပ် သင်္ဘောများ ဝယ်ယူရန် စဉ်းစားနေကြောင်း နယူးဒေလီထောက်လှမ်း ရေးရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ “အိန္ဒိယကာကွယ်ရေးသုတေသနဌာန”က စက်တင်ဘာလ ၂၇ ရက်မှာ ရေးသားပါတယ်။ 

“ဂိတ်ဝေး ဟောက်စ်” လို့ခေါ်တဲ့ အိန္ဒိယကောင်စီ နိုင်ငံတကာဆက်ဆံရေးဌာန အမှုဆောင်ဒါရိုက်တာ မန်ဂျက်ကရီပလာနီရဲ့ အဆိုအရ ရေငုပ်သင်္ဘောနည်းပညာ အထူးပြု အိန္ဒိယလုပ်ငန်းတွေဟာ အဲဒီနယ်ပယ်မှာ ကျွမ်း ကျင်မှု မရှိသေးတဲ့ အင်ဒိုနီးရှားကို အဖိုးတန် အကူအညီများ ပေးစွမ်းနိုင်တယ်လို့ သိရှိရပါတယ်။ အရေးပါ ရေလမ်းကြောင်းဖြစ်တဲ့ အင်ဒိုနီးရှားရေလက်ကြားဟာ သိသာထင်ရှားတဲ့ မဟာဗျူဟာမြောက် ထူးခြား ချက်များကို ပိုင်ဆိုင်ပါတယ်။ အိန္ဒိယက တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောများကို ဝယ်ယူခြင်းအားဖြင့် အင် ဒိုနီးရှားနိုင်ငံအနေနဲ့ ဒေသတွင်း ရေကြောင်းသွားလာမှုကို စောင့်ကြည့်ထိန်းချုပ်ရာမှာ အဆင့်တိုးမြှင့်နိုင်မှာ ဖြစ်တဲ့အတွက် နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ စီးပွားသာယာဝပြောမှုကို အာမခံနိုင်ပါလိမ့်မယ်။

ကရီပလာနီရဲ့ မှတ်ချက်စကားတွေဟာ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့အကြား ကာကွယ်ရေးနယ်ပယ်မှာ ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်လျှက်ရှိကြောင်း မီးမောင်းထိုးပြသလို ရှိနေပါတယ်။ တူညီတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ် မှုများကို ရင်ဆိုင်နေရတဲ့ နှစ်နိုင်ငံစလုံးဟာ ပူးပေါင်းဖြေရှင်းမှုများ ဖော်ဆောင်ရန်နဲ့ ဒေသတွင်း မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု ခိုင်မာအားကောင်းစေရန် အတူတကွ ပိုမိုဆောင်ရွက်လျှက်ရှိကြပါတယ်။ရေငုပ်သင်္ဘောဝယ်ယူရေးအတွက် အင်ဒိုနီးရှားအစိုးရအနေနဲ့ အပြီးသတ်ဆုံးဖြတ်ချက် မချမှတ်ရသေးပါဘူး၊ နှစ်ဖက် တေ့တေ့ဆိုင်ဆိုင် စကားပြောဆိုဖြစ်ကြလျှင် အိန္ဒိယလုပ် သင်္ဘောများဝယ်ယူရန် သေချာသလောက် ရှိနေပါတယ်။

အဲဒီအဆင့်ကို ကျော်ဖြတ်ပြီးစီးခဲ့လျှင် အိန္ဒိယအနေနဲ့ ကာကွယ်ရေး ပို့ကုန်ကို သိသာထင်ရှားစွာ မြှင့်တင်ပေး ရာ ရောက်ရှိနိုင်ပါတယ်။ ဒေသတွင်း စစ်လက်နက်ပစ္စည်းများရောင်းချသူ ထိပ်တန်း ဦးဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့ သူ့ရဲ့ရပ်တည်ချက် အနေအထားကို ပိုမိုခိုင်မာစေပါလိမ့်မယ်။

(ယခုသတင်း မူရင်းမှာ AFI ခေါ် “ အိန္ဒိယ အရန်တပ်ဖွဲ့” ဖြစ်ပါတယ်။ အဲ့ဒီတပ်ဖွဲ့ဟာ ဗြိတိသျှကိုလိုနီခေတ် ၁၉၂ဝ ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါ နှစ် ၁ဝဝ ကျော်သက်တမ်းရှိလာပြီဖြစ်တဲ့ အဲ့ဒီအဖွဲ့ဟာ စစ်မှူထမ်းဆောင်လိုခြင်း မရှိသူ အိန္ဒိယတိုင်းရင်းသားများကို စုစည်းဖို့အတွက် လစာငွေကြေး ခံစားခွင့်ရှိတဲ့ အချိန်ပိုင်း ဗော်လံတီယာ တပ်သားများအဖြစ် စုဆောင်းခြင်းပဲဖြစ်ပါတယ်။ IDF ခေါ် ဗြိတိသျှ အိန္ဒိယနိုင်ငံ ကာကွယ်ရေးတပ်၊ ITF ခေါ် အိန္ဒိယ နယ်မြေတည်ငြိမ်မှု ထိန်းသိမ်းရေးတပ်တို့အတူ ပူးတွဲတာဝန် ထမ်းဆောင်ရတဲ့ (ယခုခေတ် ပြည်သူ့စစ် သဘောမျိုး) ရည်ရွယ်ပါတယ်။

အဲဒီတပ်မျိုးဟာ ဗြိတိသျှ ကိုလိုနီခေတ် မြန်မာနိုင်ငံမှာလည်း ရှိခဲ့ဖူးပါတယ်။ ဗမာ့လက်ရုံးအကူတပ် The Burma Auxiliary Force လို့ ခေါ်ပါတယ်။ ရန်ကုန်ဌာနချုပ်နဲ့ တပ်ရင်း၊ အထက်မြန်မာပြည်၊ တနင်္သာရီနဲ့ မီးရထားဌာန အဖြစ် (၅) ဌာန ခွဲခြားသတ်မှတ်ခဲ့ပါတယ်။ ၁၈ ပေါင်ဒါ အမြောက် ၄-လက်မှ ၆-လက်၊ လက်နက်ခဲယမ်းဌာနခွဲ၊ အင်ဂျင်နီယာနဲ့ အချက်ပြဆက်သွယ်ရေးဌာနခွဲ အသီးသီးပါဝင်ကြောင်း တွေ့ရှိရပါတယ်။

၁၉၂၀-ခုနှစ်ဝန်းကျင် ကိုလိုနီခေတ် မျိူးချစ်စိတ်နိုးကြားလာတဲ့ မြန်မာတို့ဟာ အင်္ဂလိပ်အစိုးရနဲ့ မြန်မာနိုင်ငံသား တို့ပါဝင် ပူးတွဲအုပ်ချုပ်ရတဲ့ “ဒိုင်အာခီ” စနစ်ကို အပြင်းအထန်ကန့်ကွက်ကြပါတယ်။ အင်္ဂလိပ် ဘုရင်ခံ ခန့် အပ်တဲ့ အမတ် ၁၉ ယောက်နဲ့ ပြည်သူတို့ ရွေးချယ်တဲ့ “မင်းတိုင်ပင်” အမတ် ၈၄-ယောက်တို့ ပူးတွဲအုပ်ချုပ်ရေး ဖြစ်ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေး ချုပ်ကိုင်သူဟာ အင်္ဂလိပ်ဘုရင်ခံသာ ဖြစ်နေတဲ့အတွက် “လက်တစ်လုံး ခြား” စနစ်အဖြစ် မြန်မာမျိုးချစ်ခေါင်းဆောင်တို့ မကျေနပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဂျီစီဘီအေ အသင်းကြီးရဲ့ ဦးဆောင်မှုနဲ့ “ဟုမ္မရူး” ခေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုများ ပြည်လုံးအနှံ့ပေါ် ပေါက်လာပါတယ်။ ကျေးလက် မြန်မာလယ်သမားများပင် ကိုယ့်မယား ကိုယ်ဆဲတာ “ သောက်ကမြင်းမ ဒိုင်အာခီမ” လို့ ခေတ်မီစွာ ဆဲတတ်လာပါတယ်။

ဒါပေမဲ့ ဒိုင်အာခီစနစ်အရ အုပ်ချုပ်ရေးကောင်စီ ရွေးကောက်ပွဲကျင်းပတဲ့အခါ ဝင်ရောက်အရွေးခံမယ့်သူနဲ့ ကန့်ကွက်သူများအဖြစ် ဂျီစီဘီအေ အသင်းကြီး ၂-ခြမ်းကွဲပါတယ်။ မြန်မာ့မြေပေါ် ဒိုင်အာခီရောက်ပြီး ၃-နှစ်ပင် မကြာသေးမီ မြန်မာဝံသာနုတို့အကြား ဖရဲသီး စိတ်သလို ၃-စိတ် ၄-စိတ်တင် မကတော့ပဲ မြေအိုးကွဲသလို အဖွဲ့ငယ်အသီးသီးနဲ့ အစိတ်စိတ်အမွှာမွှာ ကွဲသွားပါတယ်။

ဆယ်နှစ်ခန့်အကြာ ၁၉၂၉-ခုနှစ် “တွဲရေး ခွဲရေး” ပြဿနာကို ဗြိတိသျှအစိုးရဖွဲ့စည်းပေးလိုက်တဲ့ “ဆိုင်မွန် ကော်မရှင်” က ယူဆောင်လာတဲ့အခါမှာတော့ အဲ့ဒီအချိန် ကမ္ဘာ့စီးပွားရေး ပျက်ကပ်ဆိုက်ပြီး စီးပွားရေး အကျပ် အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ “ဂျီစီဘီအေ” ဆိုတဲ့ ဝံသာနုမျိုးချစ်များအဖွဲ့ကြီးဟာ နာမည်ပင် ရှာ မရတော့လောက်အောင် အပြီးတိုင် ပျောက်ကွယ်သွားပါတယ်။ ၁၉၃၀-ခုနှစ်မှာ mုလား-ဗမာအဓိကရုန်းကြီး လည်း ဖြစ်လိုက်ပါသေးတယ်

ဗြိတိသျှအစိုးရလက်အောက်မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံနဲ့ တွဲရေး အပေါ် ထောက်ခံ/ကန့်ကွက် မြန်မာ နိုင်ငံ ရေးခေါင်းဆောင်များ အပြိုင်အဆိုင် လှုံ့ဆော်မှုမှာ “လှိုင်ပုဖေ” အုပ်စု “ခွဲရေး” အဆို အရေးနိမ့်ပြီး “မော်-မြင့်-ဗြဲ” အုပ်စု “တွဲရေး” ဘက်က အနိုင်ရပါတယ်။

ဒါပေမဲ့ အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံကို အိန္ဒိယမှ သီးခြားခွဲထုတ်လိုက်ပြီး “၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အုပ်ချုပ်ရေး ဥပဒေ “ အရ “၉၁-ဌာနအုပ်ချုပ်ရေး” ကို ဖန်တီးပေးခဲ့ပါတယ်။  ၁၉၃၇ ခုနှစ်မှာ မြန်မာဟာ သီးခြားဖြစ်သွားပြီး ဗမာ့လက်ရုံးအကူတပ် အားလုံးကိုလည်း အိန္ဒိယထံ လွှဲပြောင်းပေးလိုက်ပါတယ်။ ။သတင်း ဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်သည်)

(India Defence Research Wing., 27 Spepember 2024, ” Indonesia eyes India’s sub-marines to boost naval capabilities” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်များက ငွေကျပ် (၁ဝ) ဘီလျံကျော်ကို ဒုတိယအကြိမ်ထပ်မံလှူဒါန်း

RECENT POSTS
ကိုးကန့်ဒေသ ဗမာ မဝင်ရ၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်လမ်းပေါ်တက်လာတဲ့ PDF၊ ငလျင်ပြတ်ရွေ့ကြောရှိပေမယ့် ​နျူလျှပ်စစ်စက်ရုံ ဆက်လုပ်မယ်လို့ Rosatom ကြေညာ၊ အပြောင်းအလဲမရှိ စာမေးပွဲ ဆက်ဖြေခိုင်းမယ့် ပညာရေး ဝန်ကြီးဌာန (23-4-2025)
23 Apr 2025
ယနေ့ ဧပြီ ၂၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
23 Apr 2025
ငလျင်ဖြစ်ဒေသများရှိ စက်သုံးဆီဆိုင်အချို့ မူလဈေးနှုန်းအောက်လျော့၍ ပြန်လည်ရောင်းချပေးနေ
23 Apr 2025
ရန်ကုန်စည်ပင်မှ နေ့စဥ်ရေဆိုးစွန့်ပြစ်မှု စနစ်တကျဖေ်ဆောင်နေ
23 Apr 2025
ငွေကျပ်(၆)ဘီလျံကျော် သုံးစွဲထားတဲ့ UAB Foundation ရဲ့ အဆင့်မြင့် ငလျင်ကယ်ဆယ်ရေးစခန်းကို လေ့လာခြင်း
23 Apr 2025
ဗြိတိန်က ဖောက်ခွဲရေးပစ္စည်းတွေကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်သွားမယ်
23 Apr 2025
နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖို့အတွက် ဆော်ဒီအာရေးဗျနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ သွားရောက်လည်ပတ်
23 Apr 2025
အတားအဆီးတချို့ကို ဖယ်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ဆွေးနွေးပွဲတွေက ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရပြော
23 Apr 2025
ပြီးခဲ့တဲ့လမှာစတင်ခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကျော်သေဆုံး
23 Apr 2025
ပါကစ္စတန်မှာ လေထုညစ်ညမ်းမှုကြောင့် ကလေးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လျက်ရှိ
23 Apr 2025
တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ
23 Apr 2025
တပ်မတော်မှအင်အား (၂၀၀၀)ကျော်ဖြင့် လားရှိုးမြို့အတွင်း လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူထားပြီ
22 Apr 2025
တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလကုန် အထိ တိုးမြှင့်သတ်မှတ်
22 Apr 2025
လားရှိုးမှ MNDAAဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာ
22 Apr 2025
လားရှိုးမြို့အတွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်
22 Apr 2025
ပုပ်ရဟန်းမင်းကြီး ရာထူး ကို ဆက်ခံနိုင်ဖွယ်ရှိသော ကာဒီနယ် ၁၅ ဦး စာရင်းတွင် မြန်မာနိုင်ငံမှ ချားစ် မောင်ဘို လည်း ပါဝင်
22 Apr 2025
လာရှိုးသဘောတူညီချက်အချို့ ထွက်ပေါ်လာ ၊ ငလျင်ဒဏ်သင့် နိုင်ငံဝန်ထမ်းများအတွက်အစိုးရက လုပ်ပေးသင့်သော ကဏ္ဍများ တိုက်တွန်းချက်၊ ကော့ဂရိတ် ကျုံဒိုးကြားက တိုက်ပွဲအခြေအနေ ၊ NUG အောက်ကနေ နှုတ်ထွက်တဲ့ ကျောက်ဆည် PDF (21-5-2025)
22 Apr 2025
Max ဘိလပ်မြေစက်ရုံမှတိုက်ရိုက်မှာယူသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းရန် ဝန်ခံကတိထိုးပြီးမှ ဖြန့်ဖြူးပေးနေ
22 Apr 2025
ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသတွင် PDF ပူးပေါင်းအဖွဲ့က အင်အားစုဖွဲ့နေ
22 Apr 2025
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ
22 Apr 2025
FOLLOW US

Copyright © News Services Station | All Right Reserved