ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်များက ငွေကျပ် (၁ဝ) ဘီလျံကျော်ကို ဒုတိယအကြိမ်ထပ်မံလှူဒါန်း
ယွန်း (NSS) - စက်တင်ဘာ ၂၉
ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်များက ငွေကျပ် (၁ဝ)ဘီလျံကျော်ကို ဒုတိယအကြိမ်ထပ်မံလှူဒါန်းခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါအခမ်းအနားကို စက်တင်ဘာ(၂၈)ရက်တွင် နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပထမအကြိမ်လှူဒါန်းမှုကို ပြီးခဲ့သည့် စက်တင်ဘာ(၂၁)ရက်တွင် ကျင်းပခဲ့ရာ (ငွေကျပ် ၃၂ ဒသမ ၂ ဘီလျံ) ကျော်ကို လက်ခံရရှိခဲ့သည်။
ယခုအကြိမ်သည် ဒုတိအကြိမ်လှူဒါန်းခြင်းဖြစ်ပြီး စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းသည့် စုစုပေါင်း အလှူငွေ (ငွေကျပ် ၁ဝ ဒသမ ၅ ဘီလျံ) ကျော်ကို လက်ခံရရှိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလျံ ၃ဝ သုံးစွဲရန်လျာထားကြောင်းသိရပြီး ရေဘေးသင့်ဒေသများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လာမည့် ၂ဝ၂၅ ခုနှစ်၊ မတ်လ(၁၅)ရက်တွင် အပြီးဆောင်ရွက်ရန် နစကမှ လမ်းညွှန်ထားသည်။
တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါ အဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ရာ စက်တင်ဘာ ၂၇ ရက် စာရင်းဇယားများအရ မြို့နယ် (၁၁ဝ)မြို့နယ်မှ သေဆုံးသူ (၄၃၃)ဦး၊ မျောပါပျောက်ဆုံးသူ (၇၉)ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် (၁၇၆၂၄၆)ကောင်ရှိကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူးများကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် Anonymous Force အဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ကြောင်း နစကထုတ်ပြန်
RELATED POSTS
29 Sep 2024 | လူမှုရေး,ပြည်တွင်း
29 Sep 2024 | လူမှုရေး,ပြည်တွင်း
29 Sep 2024 | လူမှုရေး,ပြည်တွင်း
26 Sep 2024 | လူမှုရေး,ပြည်တွင်း