တယ်လီဂရမ်၏ အမှုဆောင်အရာရှိချုပ် ပါဗယ်ဒူရောဗ့်အပေါ် စွဲဆိုထားတာက အခြေမြစ်မရှိကြောင်း ရှေ့နေဖြစ်သူ ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - ဩဂုတ် ၃၁
ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်သော တယ်လီဂရမ်၏ အမှုဆောင်အရာရှိချုပ် ပါဗယ်ဒူရောဗ့်အပေါ်စွဲဆိုထားသည့် စွဲချက်များသည် တစ်ဖက် သတ်စွပ်စွဲချက်များသာဖြစ်ကြောင်း ၎င်း၏ရှေ့နေဖြစ်သူက ဝေဖန်ပြစ်တင်လိုက်သည်။
ဒူရောဗ့်သည် ပြီးခဲ့သောသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံသို့ ကိုယ်ပိုင်လေ ယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီးနောက် ဖမ်းဆီးခံရကာ လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ (၅)သန်းဖြင့် အာမခံရရှိကာ လွတ်မြောက်နေသူဖြစ်သည်။ ဒူရောဗ့်၏ရှေ့နေဖြစ်သူက "ဒူရောဗ့်ဟာ ရာဇဝတ်မှုတွေမှာ တိုက်ရိုက်ပါဝင် ပတ်သက်တာ၊ သွယ်ဝိုက်ပြီး ဆက်နွှယ်တာမျိုးမရှိဘူး၊ ဥရောပသမဂ္ဂအဖွဲ့ က သတ်မှတ်ထားတဲ့စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ပါတယ်" ဟု ပြောသည်။
ပြင်သစ်အာဏာပိုင်များက ဒူရောဗ့် နှင့် ၎င်း၏လူမှုကွန်ရက်သည် ကလေးငယ်များ လိင်ပိုင်းဆိုင်ရာကိစ္စများ၊ မူးယစ်ကုန်သွယ်မှုများ၊ တရားမဝင်ကုန်ငွေကြေးလွှဲပြောင်းမှုများတွင်ပါဝင်ဆက်နွှယ်မှုများအပါအဝင် စွဲချက်အနည်းဆုံး (၁၀)ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။ ဒူရောဗ့်သည် အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်ပြီး ပြစ်မှုထင်ရှားမည်ဆိုလျှင် ယူရို (၅)သိန်းနှင့်အတူ ထောင်ဒဏ် (၅)နှစ်အထိ ပြစ်ဒဏ်ကျခံရဖွယ်ရှိနေကြောင်းသိရသည်။
ပြင်သစ်သမ္မတ မက်ခရွန်ကတော့ "ကျွန်တော့်အနေနဲ့ ဒူရောဗ့် ပြင်သစ်နိုင်ငံကိုရောက်ရှိလာတာကို လုံးဝမသိပါဘူး။ ဒါဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပါတယ်။ ကျွန်တော်ဟာ ပြင်သစ်နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ဥပဒေအတိုင်းဖြစ်လာမယ့် ကိစ္စကို ကန့်ကွက်တာတွေလုပ်ဆောင်မှာမဟုတ်ဘူး၊ ကျွန် တော်ဟာ ဒူရောဗ့်ကို ပြင်သစ်နိုင်ငံကိုဖိတ်ခေါ်တာမျိုးမလုပ်ဘူး၊ ကျွန်တော် ဖိတ်ခေါ်ခဲ့လို့ ဒူရောဗ့် လာရောက်တယ်ဆိုတဲ့သတင်းတွေက မှန်ကန်မှုမရှိဘူး"ဟု ပြောသည်။
ဒူရောဗ့်သည် ရုရှားနိုင်ငံတွင်မွေးဖွားခဲ့သူဖြစ်သော်လည်း လက်ရှိအချိန်တွင် ပြင်သစ်နိုင်ငံ နှင့် ယူအေအီးနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ကြောင်းသိရသည်။ ဒူရောဗ့်သည် ပြီးခဲ့သော (၁၀)နှစ်ကျော်တွင် တယ်လီဂရမ် လူမူကွန်ရက်ကို ဖန်တီးတည်ထောင်ခဲ့ပြီး အဆိုပါပလက်ဖောင်းမှ တစ်လကိုအမေရိကန်ဒေါ်လာ ဘီလျံချီရရှိနေကာယူကရိန်းနှင့် ရုရှားနိုင်ငံသားများအဓိကထား သုံးစွဲနေကြောင်း သိရသည်။ ဒူရောဗ့်ကို ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး ကမ္ဘာတဝန်းတွင် ဝေဖန်ပြစ်တင်မှုမြင့်တက်နေပြီး လွတ်လပ်စွာပြောရေးဆိုခွင့်ကို ထိခိုက်စေခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်နေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပေါ်တူဂီနိုင်ငံမှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လူ(၄)ဦးသေဆုံးကာ (၁)ဦးပျောက်ဆုံးနေ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ