အမေရိကန်ကုမ္ပဏီအများအပြားက AI နည်းပညာကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နေ
Pika (NSS) - ဩဂုတ် ၂၇
AI နည်းပညာကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ကြသော အမေရိကန်ကုမ္ပဏီအရေအတွက်မှာ ပြီးခဲ့သည့်(၂)နှစ်အတွင်း (၅)ဆကျော်မြင့်တက်သွားခဲ့ကြောင်း စစ်တမ်းများကို ကိုးကားပြီး Financial Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။
အမေရိ ကန်၏ အကြီးဆုံးကုမ္ပဏီများ၏ထက်ဝက်ကျော်(၅၆) ရာခိုင်နှုန်းသည် ၎င်းတို့ နှစ်ပတ်လည် အစီရင်ခံစာများတွင် AI နည်းပညာကို အန္တရာယ်ရှိသည့် နည်းပညာတစ်ခုအဖြစ် ကိုးကားထားကြကြောင်း စီးပွားရေး လုပ်ငန်းကြီးများ၏ ထုတ်ဖော်ပြောဆိုချက်များကို ခြေရာခံသည့် ပလက်ဖောင်း Arize AI ၏ စစ်တမ်းများအရ သိရသည်။
(၂၀၂၂) ခုနှစ်တွင် AI နည်းပညာကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှုမြင်ကြသော အမေရိကန် ကုမ္ပဏီအရေအတွက်မှာ(၉)ရာခိုင်နှုန်းသာရှိခဲ့ကြောင်း FT က မှတ်ချက်ပြု ရေးသားဖော်ပြခဲ့သည်။ အဆိုပါ စစ်တမ်းသည် စုစုပေါင်းဝင်ငွေအပေါ် အခြေခံကာ Fortune မဂ္ဂဇင်းက စာရင်းပြုစုထားသော အမေရိကန်၏အကြီးဆုံး စီးပွားရေးလုပ်ငန်း(၅၀ဝ)၏ နှစ်စဉ်အဆင့် သတ်မှတ်ချက်ဖြစ်သည့် Fortune 500 စာရင်းအပေါ်တွင် အခြေခံကောက်ယူထားခြင်း ဖြစ်ကြောင်းသိရသည်။ AI နည်းပညာ၏ အန္တရာယ်များနှင့်ပတ်သက်ပြီး ဘဏ္ဍာရေးအစီရင်ခံစာများတွင် ဖော်ပြထားသောအချက်အလက်များအရ အချို့ ကုမ္ပဏီများသည် အဆိုပါနည်းပညာကို အခြားကုမ္ပဏီများထက် ပိုမိုလျင်မြန်စွာအသုံးချနိုင်လာလိမ့်မည် ဆိုသည့် စိုးရိမ်ပူပန်မှုများကို မြင့်တက်လာစေခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် လူ့အခွင့်အရေး၊ အလုပ်အကိုင်၊ ကိုယ်ရေးကိုယ်တာများအပေါ် AI နည်းပညာ၏ အလားအလာရှိသော အကျိုးသက်ရောက်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများလည်း မြင့်တက်နေကြောင်းသိရသည်။
တယ်လီကွန်းအဖွဲ့ Motorola က “AI နည်းပညာဟာ ရည်ရွယ်ထားတဲ့ အတိုင်း အမြဲတမ်းလည်ပတ်နေမှာမဟုတ်ပါဘူး။ ပြီးတော့ ဒေတာတွေနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတွေက တရားမဝင်တာမျိုးနဲ့ အန္တရာယ်ရှိတဲ့သတင်း အချက်အလက်တွေသာ ပါဝင်ခဲ့မယ်ဆိုရင် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာပါ လိမ့်မယ်။ ဒီလိုအကျိုးသက်ရောက်မှုတွေက ကုမ္ပဏီတစ်ခုရဲ့ ဝင်ငွေနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါ လိမ့်မယ်” ဟုပြောဆိုခဲ့သည်။ Netflix နှင့် Disney အပါအဝင် ကုမ္ပဏီများ၏ (၉၀) ရာခိုင်နှုန်းကျော်သည် ယခုနှစ်အတွင်း လျင်မြန်စွာ ကြီးထွားလာနေသော AI နည်းပညာကို စီးပွားရေးအန္တရာယ်အဖြစ် ရှုမြင် ထားကြပြီး သတင်းမီဒီယာနှင့် ဖျော်ဖြေရေးလုပ်ငန်းတို့သည် AI နည်းပညာကြီးထွားလာမှုနှင့်ပတ်သက်ပြီး အစိုးရိမ်ရဆုံးလုပ်ငန်းများဖြစ်လာခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်လေပိုင်နက်ထဲသို့ တရုတ်လေယာဉ် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ဂျပန်ဖော်ပြ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ