ဂျပန်လေပိုင်နက်ထဲသို့ တရုတ်လေယာဉ် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ဂျပန်ဖော်ပြ
ALynn (NSS) - ဩဂုတ် ၂၇
ဂျပန်နိုင်ငံလေပိုင်နက်ထဲကို တရုတ်စပိုင်လေယာဉ် ထိုးဖောက်ဝင်ရောက် လာပြီး တစ်ရက်အကြာတွင် တိုကျိုရှိ တရုတ်သံရုံးမှ အရာရှိတစ်ဦးကို ဆင့်ခေါပြီး ၎င်း၏လေပိုင်နက်ကို ချိုးဖောက်ခြင်းမှာ လုံးဝလက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။
အင်္ဂါနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးအဖွဲ့အတွင်းဝန်ချုပ် ယိုရှီမာဆာဟာယာရှီက “စစ်လေယာဉ်တွေရဲ့ ပထမဆုံး လေပိုင်နက်ချိုးဖောက်မှုဟာ ဂျပန်ရဲ့ အချုပ်အခြာအာဏာကို ဆိုးရွားစွာ ချိုးဖောက်ရုံသာမကဘဲ ကျွန်ုပ်တို့ လုံခြုံရေးကိုလည်း ခြိမ်းခြောက်နေပါတယ်”ဟု ပြောကြားခဲ့သည်။
ဂျပန်၏တောင်ပိုင်း ကျူရှူးကျွန်း ကမ်းရိုးတန်းမှ Danjo ကျွန်းများပေါ်တွင် နှစ်မိနစ်ကြာ လှည့်ပတ်နေသည့် တရုတ် Y-9 ကင်းထောက်လေယာဉ်တစ်စင်းကို နံနက် ၁၁ နာရီ ၂၉ မိနစ်တွင် တွေ့ရှိခဲ့ကြောင်း ဂျပန်စစ်တပ်က တနင်္လာနေ့ (ဩဂုတ်လ ၂၆ ရက်) တွင် ပြောကြားခဲ့သည်။ ဝေဟင်ပိုင်နက်မှ ထွက်ခွာရန် တရုတ်လေယာဉ်အား တိုက်လေယာဉ်များ အသုံးပြု ခြိမ်းခြောက်ခဲ့ရကြောင်း ဖော်ပြခဲ့သည်။
လေပိုင်နက်ချိုးဖောက်မှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်ရန် ယာယီတရုတ် သံအမတ်ကြီး ရှီယောင်ကို ဆင့်ခေါ်ခဲ့ကြောင်း နောက်ပိုင်းတွင် ယင်းကဲ့သို့ဖြစ်ရပ်မျိုးမဖြစ်အောင် ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် တရုတ်နိုင်ငံကို တောင်းဆိုခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်သံရုံးမှ မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပါ။ ဂျပန်စစ်တပ်၏ အဆိုအရ ၎င်းသည် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအတွင်း ဂျက်တိုက်လေယာဉ်ပျံသန်းမှု ၆၆၉ ကြိမ်နီးပါးပြုလုပ်ခဲ့ရပြီး ယင်းတို့အနက် ၇၀ ရာခိုင်နှုန်းခန့်မှာ တရုတ်စစ်လေယာဉ်များကို ခြောက်လှန့်ဖို့ဖြစ်ကြောင်း ဖော်ပြထားသည်။
တရုတ်နှင့် ရုရှားလေတပ်များကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပြင် ဂျပန်ရေပိုင်နက်နှင့် ဝေဟင်ပိုင်နက်တဝိုက်တွင် တရုတ်၏ အားကောင်းလာသော လှုပ်ရှားမှုများကို ဂျပန်ကာကွယ်ရေး တာဝန်ရှိသူများက စိုးရိမ်ပူပန်လျက်ရှိနေသည်။ နှစ်နိုင်ငံကြားတွင် Diaoyu ကျွန်းများဟု လူသိများသော Senkaku ကျွန်းများနှင့်ပတ်သက်၍ ကာလရှည်ကြာ အငြင်းပွားနေကြသည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက် အငြင်းပွားမှုများတွင်လည်း ပါဝင်ပတ်သက်နေပြီး ၎င်းက ကျယ်ပြောလှသော ပိုင်နက် တောင်းဆိုမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်က SCO အစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယဝန်ကြီးချုပ်ကို ဖိတ်ခေါ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ