တင်းမာမှုများရှိနေချိန်တွင် အမေရိကန်က ဂျာမနီတွင် တာဝေးပစ်လက်နက်များ ဖြန့်ကြက်ချထားတော့မည်
ဂျန်ဇက် (NSS) - ဇူလိုင် ၁၆
အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံနှင့်တင်း မာမှုများရှိနေချိန်တွင် ဂျာမနီနိုင်ငံ၌တာဝေးပစ် ဒုံးကျည်များ ဖြန့်ကြက်ချထားသွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်နှင့် ဂျာမနီအစိုးရအဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်များထဲ၌ အနာဂတ် နှစ်နိုင်ငံကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများပိုမိုကောင်းမွန်စေရန် နှင့် စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်စေရန် အတွက် ဂျာမနီနိုင်ငံတွင် ၂၀၂၆ ခုနှစ်မှစတင်ပြီး တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားတော့မည်ဖြစ် ကြောင်း ဖော်ပြထားသည်။အမေရိကန်နိုင်ငံတွင် ကျင်းပနေသော နေတိုးထိပ်သီးအစည်းအဝေးအတွင်း ဂျာမနီအစိုးရ တာဝန်ရှိသူများနှင့် အမေရိကန်အစိုးရတာဝန်ရှိသူများ ကြားတွေ့ဆုံဆွေးနွေးပြီးနောက် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားမည့်အစီအစဉ်ကိုဖော်ပြခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသည် ဂျာမနီနိုင်ငံတွင် အကွာအဝေး မိုင်ပေါင်း(၂၉၀) အထိရောက်ရှိ ပစ်ခတ်နိုင်စွမ်းရှိနေသော SM-6 အမျိုးအစားဒုံးကျည်၊ အကွာအဝေး (၂၅၀ဝ) ကီလိုမီတာရောက်ရှိ ပစ်ခတ်နိုင်စွမ်း ရှိနေသော Tomahawk ဒုံးကျည်များ အပါအဝင် အခြားဒုံးကျည်များကို ဖြန့်ကြက်ချထား သွားဖွယ်ရှိနေ ကြောင်း သတင်းများထွက်ပေါ်နေသည်။ အမေရိကန်နိုင်ငံ၏အသံထက်မြန်သော ဒုံးကျည်သည် ဥရောပတိုက်အတွင်းရှိ အခြေ စိုက်စခန်းတွင် ဖြန့်ကြက်ချထားသည့် ဒုံးကျည်များထက် အကွာအဝေး ပိုမိုရောက်ရှိနိုင်စွမ်းရှိနေကြောင်းသိရသည်။ အမေရိကန်နိုင်ငံသည် ၂၀၁၇ ခုနှစ်က အသံထက်မြန်သော ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီးနောက် ပိုင်းတည်းက ထပ်မံစမ်းသပ်ခဲ့သော အသံထက်မြန်သော ဒုံးကျည်များအောင်မြင်ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတဟောင်းရော်နယ်ရေဂင် နှင့် ဆိုဗီယက် ပြည်ထောင်စုသမ္မတဟောင်း ဂိုဘာ ချော့တို့ ၁၉၈၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သော တာလတ်ပစ် နျူကလီးယားစာချုပ်အရ ဥရောပတိုက်တွင် အကွာအဝေး (၅၀ဝ) ကီလိုမီတာမှ (၅၅၀ဝ)ကီလိုမီတာအထိရောက်ရှိပစ်ခတ်နိုင်မည့် ဒုံးကျည်များ ဖြန့်ကြက် ချထားခြင်းမျိုးမလုပ်ဆောင်ရန် ပိတ်ပင်ထားကြောင်း သိရသည်။ ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံက နေတိုးအုပ်စုဝင်နိုင်ငံများတွင် တာဝေးပစ်လက်နက်များ ဖြန့်ကြက်ချထားခြင်း များကို လိုလားခြင်းမရှိဘဲ တင်းမာမှုများမကြာခဏ ဖြစ်ခဲ့ဖူးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်အစိုးရက ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း၏ ပါတီအား နိုင်ငံရေးတွင် မပါဝင်နိုင်ရန် ပိတ်ပင်
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ