မက်ခ်ဇူကာဘက်ရဲ့ ရေလွှာလျှောစီး ဗီဒီယို လူကြည့်များနေ
ရောင်နီ (NSS) - ဇူလိုင် ၇
အမေရိကန် လွန်လပ်ရေးနေ့ (ဇူလိုင်လ ၄ ရက်)မှာ အမေရိကန်နိုင်ငံတစ်ဝန်း ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေနဲ့အတူ Meta အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘက်ရဲ့ ရေလွှာ လျှောစီး ဗီဒီယိုဖိုင်ဟာလည်း ၎င်းရဲ့ Instagram အကောင့်မှာ ကြည့်ရှုသူ သန်းရာနဲ့ချီ ရရှိခဲ့ပါတယ်။
ဗီဒီယိုမှာ မက်ခ်က tuxedo နဲ့ နေကာမျက်မှန်ဝတ်ဆင်ကာ အမေရိကန် အလံကိုကိုင်၊ အရက်သောက်ရင်း ရေလွှာလျှောစီးနေပုံ ဖြစ်ပါတယ်။ နောက်ခံ တေးသီချင်းကိုတော့ အဆိုတော် ဘရူ့စပရင်းစတင်းရဲ့ ၁၉၈၄ ခုနှစ် Born In The USA သီချင်းနဲ့ သူ့ရဲ့ Facebook အကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဗီဒီယိုဖိုင်မှာ "အံ့ဩဖွယ်ရာ"၊ "ထူးထူးဆန်းဆန်း ဝတ်စုံပြည့်နဲ့ မြင်တွေ့ရခြင်းပဲ" ဆိုတဲ့ မှတ်ချက်တွေနဲ့ သူ့ကိုသရော်တဲ့မှတ်ချက် အမျိုးအမျိုးကိုလည်း တွေ့ရပါတယ်။ သူ့ရဲ့ ဗီဒီယိုဟာ Like & React (၃၅၆)သန်း ထိရှိခဲ့ပြီး Share ကလည်း (၂၅)သန်းထိ ရှိခဲ့ပါတယ်။
မက်ခ်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ အမေရိကန် လွတ်လပ်ရေးနေ့ကလည်း အမေရိကန် အလံကိုကိုင်ဆောင်ပြီး ရေလွှာလေလျှာစီးနေပုံကို အဆိုတော် ဂျွန်ဒန်ဗာရဲ့ "Country Roads" တေးသီချင်းနဲ့ သူ့ရဲ့ Facebook အကောင့်မှာ တင်ခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်ရဲ့ ထိပ်တန်း စစ်တုရင်နည်းပြ အမျိုးသားချန်ပီယံကြီး ဇီအာရာဟ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေရင်းသေဆုံး
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ