ဘင်္ဂလားဒေ့ရှ်ရဲ့ ထိပ်တန်း စစ်တုရင်နည်းပြ အမျိုးသားချန်ပီယံကြီး ဇီအာရာဟ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေရင်းသေဆုံး
ရောင်နီ(NSS) - ဇူလိုင် ၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထိပ်တန်း စစ်တုရင်ဆရာကြီး ဇီအာရာဟ်မန်ဟာ ဇူလိုင်လ ၅ ရက်နေ့က အမျိုးသားချန်ပီယံပြိုင်ပွဲမှာ ယှဉ်ပြိုင်နေရင်း လေဖြတ်ပြီး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူ တစ်ဦးကပြောပါတာ်။
ဘင်္ဂလားဒေ့ရှ် စစ်တုရင်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရှာဟက်အူဒင်ရှာမင်က ဇီအာရာဟ်ဟာ အခြားစစ်တုရင် ဆရာကြီး အန်နာမျူရယ်လ် ဟူစိန်နဲ့ ယှဉ်ပြိုင်နေစဉ် Round 12th match မှာ လဲကျခဲ့ပြီးနောက် မြို့တော်ဒါကာရှိ ဆေးရုံတစ်ခုကို ချက်ချင်းပို့ဆောင်ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ ယှဉ်ပြိုင်နေရင်း သူလဲကျသွားတော့ ရေပုလင်းကို ကောက်ကိုင်ဖို့ ခေါင်းငုံ့လိုက်တယ်ထင်တာ၊ ဒါပေမဲ့ သူလဲကျသွားတာကြောင့် ဆေးရုံပို့လိုက်ရပြီး အခြားပြိုင်ဘက်နဲ့ ဆက်ယှဉ်ပြိုင်ခဲ့တယ်"လို့ ၎င်းက ဆိုပါတယ်။
ဇီအာရာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်တုရင်ဆရာကြီး ငါးဦးမှာပါဝင်သူဖြစ်ပြီး နိုင်ငံအလိုက် ချန်ပီယံဆုကို အကြိမ်များစွာ ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကာလဝမ်းရောဂါပိုးရှိသူ (၅)ဦးခန့်ရှိခဲ့၍ လမ်းဘေးစားသောက်ဆိုင်များကို ယာယီပိတ်ထားခြင်းများ ဆောင်ရွက်နေဟု ဆို
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း