ဒုံးကျည်အများအပြားစမ်းသပ်ပစ်လွှတ်မှုက တောင်ကိုရီးယားကို သတိပေးမှုတစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပြော
Pika (NSS) - ဇွန် ၁
တောင်ကိုရီးယားနိုင်ငံက တိုက်ခိုက်မှုများလုပ်ဆောင်လာပါက ချက်ချင်းပြန်လည် လက် တုံ့ပြန်တိုက်ခိုက်နိုင်ကြောင်း ပြသသည့်အနေဖြင့် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တာတိုပစ်ပဲ့ထိန်းဒုံးကျည်(၁၈)စင်းပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။
မေလ(၃၀)ရက်နေ့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ဒုံးကျည်အများအပြားပစ်လွှတ်နိုင်သည့် (၆၀၀)မီလီမီတာရော့ကတ်လောင်ချာ၏ ပစ်ခတ်လေ့ကျင့်မှုများကို လမ်းညွှန်ပေးခဲ့ကြောင်း KCNA သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ မြောက်ကိုရီးယားအစိုးရက ၎င်းနိုင်ငံ၏အရှေ့ဘက်ကမ်းရိုးတန်းသို့ တာတိုပစ်ပဲ့ထိန်းဒုံးကျည် အနည်းဆုံး (၁၀) စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့သည်ကို ခြေရာခံတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အဆိုပါအစီရင်ခံစာများထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် ပစ်လွှတ်ခဲ့သော တာတိုပစ်ပဲ့ထိန်းဒုံးကျည်များသည် (၃၆၅)ကီလိုမီတာအကွာတွင်ရှိသော ကျွန်းတစ်ကျွန်း၏ပစ်မှတ်ကို အောင်မြင်စွာထိမှန်ခဲ့ကြောင်း KCNA ကရေးသားဖော်ပြခဲ့သည်။ KCNA ကထုတ်ပြန်ထားသော ဓါတ်ပုံများတွင် KN-25s ဟုလူသိများသော ဒုံးကျည် (၁၈)စင်း လေထဲသို့ပျံတက်သွားသည်ကို တွေ့မြင်ခဲ့ရသည်။
အဆိုပါဒုံးကျည်များတွင် မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များတပ်ဆင်နိုင်ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏နျူကလီးယားတပ်ဖွဲ့အနေဖြင့် စစ်ပွဲတားဆီးရေးမစ်ရှင်ကို လုပ်ဆောင်ရန်နှင့် စစ်ပွဲဖြစ်ပွားလာမည်ဆိုပါက လက်ဦးမှုရယူနိုင်ရန်အတွက် အဆင်သင့်ဖြစ်နေအောင်လုပ်ဆောင်ရန် ကင်ဂျုံအန်းကတိုက်တွန်းခဲ့ကြောင်းသိရသည်။ KCNA က 'ဒီစစ်ရေးလေ့ကျင့်မှုအတွင်း မြောက်ကိုရီးယားက ၎င်းရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ရန်သူတွေကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ ဆန္ဒတွေကို ပြသနိုင်ခဲ့ပါတယ်။”ဟု ရေးသားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယမှာအပူချိန်မြင့်တက်မှုများကြောင့် တစ်ရက်အတွင်း လူပေါင်း (၁၅)ဦးသေဆုံး
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ