အိန္ဒိယမှာအပူချိန်မြင့်တက်မှုများကြောင့် တစ်ရက်အတွင်း လူပေါင်း (၁၅)ဦးသေဆုံး
ဂျန်ဇက် (NSS) - ဇွန် ၁
အိန္ဒိယနိုင်ငံမှာ အပူချိန်မြင့်မားမှုတွေဆက်လက်ဖြစ်ပွားနေရာ မေလ ၃၁ ရက်နေ့က တစ်ရက်အတွင်း လူပေါင်း အနည်းဆုံး ၁၅ ဦးသေဆုံးသွားခဲ့တယ်လို့ အိန္ဒိယမိုးလေဝသဌာနတာဝန်ရှိသူတွေက ပြောပါတယ်။ အိန္ဒိယ Bihar ပြည်နယ်နဲ့ Odisha ပြည်နယ်တို့မှာ အပူချိန်မြင့်မားမှုတွေကြောင့် လူပေါင်း ၁၅ ဦးသေဆုံးခဲ့တာဖြစ်ပြီး အပူချိန်မြင့်တက်မှုတွေဆက်လက်ဖြစ်ပွားနေမှာဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒီနှစ်နွေရာသီကာလအတွင်း အပူချိန်စံချိန်တင်မြင့်တက်လာခဲ့ပြီး အိန္ဒိယနိုင်ငံသမိုင်းတစ်လျှောက်အမြင့်ဆုံး အပူချိန်မျိုးဖြစ်လာခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံမြို့ တော် ဒေလီမြို့နဲ့အခြားပတ်ဝန်းကျင်မြို့တွေမှာ ဒီသီတင်းပတ်အတွင်း အပူချိန် ၁၂၇ ဒသမ ၂၂ ဒီဂရီ ဖာရင်ဟိုက်အထိမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ သေဆုံးခဲ့သူ ၁၅ဦး အနက် ၁၀ဦးက ဆေးရုံမှာသေဆုံးခဲ့တာဖြစ်ပြီး အခြားသူတွေက အိမ်မှာသေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အပူချိန်မြင့်တက်မှုတွေကြောင့် အိန္ဒိယနိုင်ငံတဝှမ်းရှိ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်လာဖွယ်ရှိနေကြောင်းသိရပါတယ်။ အပူချိန်မြင့်တက်မှုကြောင့် အိန္ဒိယနိုင်ငံအတွင်းရှိပြည်နယ်အချို့မှာ နေ့စဉ် နံနက် ၁၁ နာရီကနေ နေလည် ၃နာရီအထိအပြင်မထွက်ဖို့ နဲ့ နေပူထဲအလုပ်မလုပ်ဖို့တားမြစ်ပိတ်ပင်ထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေတောင်မြို့နယ်တွင် (၆)ဘီးကားပေါ်မှ အုတ်ခဲများဖြင့်ဖုံး၍ သယ်ဆောင်လာသော ငွေကျပ် ၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ