အလွန်ကြီးမားသည့် ဒုံးကျည်ထိပ်ဖူးကို စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရကြေညာ
Pika (NSS) - ဧပြီ ၂ဝ
မြောက်ကိုရီးယားအစိုးရဟာ မဟာဗျူဟာမြောက်ခရုဇ်ဒုံးကျည်အတွက် ဒီဇိုင်းထုတ်ထားတဲ့ အလွန်ကြီးမားတဲ့ဒုံးကျည်ထိပ်ဖူးကို စမ်းသပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဧပြီလ(၂၀) ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
နျူကလီးယားနဲ့ လက်နက်အစီအစဉ်တွေနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို မြောက်ကိုရီးယားအစိုးရက ချိုးဖောက်မှု ရှိ/မရှိ စောင့်ကြည့်နေတဲ့ ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှုတွေကို အဆုံးသတ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့မတ်လမှာ ရုရှားက ဗီတိုအာဏာကိုသုံးခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် စစ်လက်နက်ပစ္စည်းတွေကို ရုရှားဆီမပို့ ဆောင်ခင်မှာ စမ်းသပ်မှုတွေပြုလုပ်နိုင်တယ်လို့လည်း လေ့လာသုံးသပ်သူတွေက သတိပေးထားပါတယ်။
ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေ ရှိနေပေမယ့်လည်း မြောက်ကိုရီးယားဟာ ရုရှားကို စစ်လက်နက်ပစ္စည်းတွေပို့ဆောင်ပေးခဲ့တယ်လို့ အမေရိကန်နဲ့တောင်ကိုရီးယားတို့က ပြောဆိုထားပါတယ်။ မြောက်ကိုရီးယားဟာ Hwasal-1 Ra-3 မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်အတွက် ဒီဇိုင်းထုတ်ထားတဲ့ အလွန်ကြီးမားတဲ့ဒုံးကျည်ထိပ်ဖူးကို စမ်းသပ်ခဲ့တယ်လို့ KCNA သတင်းဌာနက ဧပြီလ(၂၀)ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ပြီးတော့ မြောက်ကိုရီးယားဟာ ပင်လယ်ဝါမှာ Pyoljji-1-2 လို့အမည်ရတဲ့ တိုက်လေယာဉ်ပစ်ဒုံးကျည်အမျိုးအစားအသစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့လည်း KCNA က ထပ်မံရေးသားဖော်ပြထားပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ အဲဒီစမ်းသပ်မှုနှစ်ခုလုံးကို ဧပြီလ(၁၉)ရက်နေ့ မွန်းလွဲပိုင်းမှာ လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။ ဧပြီလ(၁၉)ရက်နေ့၊ နေ့လည်(၃)နာရီခွဲအချိန်မှာ ပင်လယ်ဝါထဲကို ပစ်လွှတ်လိုက်တဲ့ ခရုဇ်ဒုံးကျည်တွေနဲ့ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တွေ အများအပြားကို ခြေရာခံတွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဧပြီလ(၂၀)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နောက်ထပ်စစ်ရေးလှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း တောင်ကိုရီးယားစစ်တပ်က ထပ်မံပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားစစ်တပ်က 'မြောက်ကိုရီးယားဟာ ရန်စမှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် ပြင်းထန်တဲ့လက်တုံ့ပြန်မှုတွေကို ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြန်လမ်း၌ ကားတစ်စီး ဘီးပေါက်၍ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းဖြစ်သူ ပွဲချင်းပြီးသေဆုံး
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ