နျူကလီးယားစွမ်းရည်ရှိသော ပဲ့ထိန်းဒုံးကျည်မျိုးဆက်သစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း အိန္ဒိယစစ်ဘက်ပြော
Pika (NSS) - ဧပြီ ၉
အိန္ဒိယနိုင်ငံသည် ယခုသီတင်းပတ် အစောပိုင်းတွင် အိုဒီရှာပြည်နယ်ကမ်းလွန်မှာ နျူကလီးယား စွမ်းရည်ရှိသော ပဲ့ထိန်းဒုံးကျည် မျိုးဆက်သစ် Agni Prime ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ် နိုင်ခဲ့ကြောင်း စစ်တပ်က ဧပြီလ(၄)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါပဲ့ထိန်းဒုံးကျည်သည် အကွာအဝေး (၁၀ဝဝ)ကီလိုမီတာမှ (၂၀ဝဝ)ကီလိုမီတာအထိ ရောက်ရှိနိုင်ပြီး နည်းပညာတိုးတက်မှုများနှင့်အတူ Agni စီးရီးတွင် အသေးဆုံးဒုံးကျည်ဖြစ်ကြောင်း အိန္ဒိယမီဒီယာများက ရေးသားဖော်ပြခဲ့သည်။
Agni Prime ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို အိန္ဒိယကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် နိုင်ငံ၏မဟာဗျူဟာ မြောက်တပ်ဖွဲ့ကွပ်ကဲမှုဌာန (SFC) နှင့် ကာကွယ် ရေးသုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) တို့က ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက ‘ဒီစမ်းသပ်ပစ်လွှတ်မှုဟာ နေရာအမျိုးမျိုးမှာ ဖြန့်ကြက်ချထားတဲ့ အာရုံခံကိရိယာများစွာကနေ ဖမ်းယူရရှိထားတဲ့ ဒေတာတွေက အတည်ပြုချက်အတိုင်း ယုံကြည်စိတ်ချရတဲ့ စွမ်းဆောင်ရည်တွေအားလုံးကို ပြသနိုင်ခဲ့ပါတယ်’ဟုပြောဆိုခဲ့သည်။
Agni Prime ပဲ့ထိန်းဒုံးကျည်သည် တာလတ်ပစ်မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်ဖြစ်ပြီး အကွာအဝေး (၇၀ဝ)ကီလိုမီတာမှ (၃၅၀ဝ)ကီလိုမီတာအထိ ရောက်ရှိနိုင်သော Agni (၁) မှ (၄) စီးရီးများ၏ နောက်ဆုံးပေါ် အမျိုးအစားဖြစ်သလို နေရာများအပြားတွင် ဖြန့်ကျက်ချထားပြီးပြီဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါမျိုးဆက်သစ်ဒုံးကျည်တွင် အဆင့်မြင့် အာရုံခံကိရိယာများ၊ လမ်းကြောင်းပြခြင်းနှင့် လမ်းòန် စနစ်များပါဝင်ပြီး Agni စီးရီးများထဲတွင် အပေါ့ပါးဆုံးနှင့် အသေးဆုံး ဒုံးကျည်များဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် Agni Prime ပဲ့ထိန်းဒုံးကျည်သည် အိန္ဒိယစစ်တပ်အတွက် အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်လာ လိမ့်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Rajnath Singh က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နှင့်တင်းမာနေချိန်အတွင်း ဖိလစ်ပိုင်က အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့နှင့် ပူးတွဲစစ်ရေး လေ့ကျင့်
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ