တရုတ်နှင့်တင်းမာနေချိန်အတွင်း ဖိလစ်ပိုင်က အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့နှင့် ပူးတွဲစစ်ရေး လေ့ကျင့်
ဂျန်ဇက် (NSS) - ဧပြီ ၉
တရုတ်နိုင်ငံနှင့် တင်းမာမှုများဖြစ်ပွားနေချိန်တွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနိုင်ငံတို့နှင့်ပူးပေါင်းပြီး ရေတပ်စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စနှင့်နီးစပ်သော သံတမန်နှစ်ဦးကထုတ် ဖော်ပြောဆိုလိုက်သည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို အငြင်းပွား မှုများဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်တွင် ဧပြီ ၇ ရက်၌ပြုလုပ်သွားမည်ဖြစ်ပြီးအနည်းဆုံးနိုင်ငံပေါင်း ၄ နိုင်ငံ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အာရှ-ပစိဖိတ်ဒေသတွင်တရုတ်နိုင်ငံ၏ ဩဇာလွမ်းမိုးရန် ကြိုးပမ်းမှုများကို ရင်ဆိုင်ရန်အတွက်ဖိလစ် ပိုင်အပါအဝင် နိုင်ငံလေးနိုင်ငံပူးပေါင်းပြီး ပူးတွဲစစ်ရေးလေ့ကျင့်ရန် စီစဉ်လာခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ သည် လက်ရှိအချိန်တွင် တောင်တရုတ် ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများ နှင့်ပတ်သက်ကာ တရုတ်နိုင်ငံနှင့်တင်းမာမှု အရှိန်မြင့်တက်နေကြောင်းသိရသည်။ တရုတ်စစ်သင်္ဘောများသည် တောင်တရုတ် ပင်လယ်အတွင်း ရှိဖိလစ်ပိုင် ကျွန်းတွင်ရှိနေသော ဖိလစ်ပိုင်တပ်ဖွဲ့များထံ ရိက္ခာသွားပို့သော သင်္ဘောများကို ဝင်တိုက်ခြင်း၊ ဟန့်တားနှောင့်ယှက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ဖိလစ်ပိုင်စစ်တပ်က “ကျွန်တော်တို့ဟာ မိတ်ဖက်နိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်လုပ်ဆောင်မယ်”ဟု ပြောသည်။ အမေရိကန်အစိုးရသည် တောင် တရုတ် ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို သတိပေးပြောဆိုထားကြောင်း သိရသည်။ တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံကြား အငြင်းပွားမှုများပိုမို ဖြစ်လာခဲ့ပြီး နောက်ပိုင်း အမေရိကန်သည် အာရှတိုက်ဒေသအတွင်းနိုင်ငံများနှင့်မဟာမိတ်ဖြစ်မှု ပိုမိုကောင်းမွန်စေရန် ဦးစားပေးလုပ်ဆောင်မည်ဟု သတင်းထုတ် ပြန်ထားသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ဧပြီ ၁၁ ရက်နေ့တွင် ၎င်း၏မဟာမိတ်နိုင်ငံများဖြစ်သော ဖိလစ် ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာ၊ ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှိဒါတို့နှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။ ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကန်နိုင်ငံတို့ပူးပေါင်းပြီး တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲကင်းလှည့်မည့် အစီအစဉ်များကို မကြာခင်ကြေညာဖွယ်ရှိနေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သော သံတမန်အသိုင်းအဝိုင်းကပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်က သတိပေးနေသော်လည်း ရာဖဲလ်မြို့ကို ထိုးစစ်ဆင်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ကတိပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ