လျော်ကြေးငွေပေးရန်ကျန် ရှိနေခြင်းကြောင့် Elon Musk အား Twitter ထိပ်တန်းအမှုဆောင် အရာရှိဟောင်းများက တရားစွဲဆို
ALynn (NSS) - မတ် ၆
CEO ဟောင်း Parag Agrawal အပါအဝင် Twitter ထိပ်တန်းအမှုဆောင်အရာရှိဟောင်းများက Elon Musk ထံမှ လုပ်ခလစာ ဒေါ်လာ ၁၂၈ သန်းကျော် ရရန်ကျန်ရှိနေပြီး Twitter မှ နှုတ်ထွက် ခိုင်းခြင်းတို့ကြောင့် တရားစွဲဆိုခဲ့သည်။
မတ်လ ၄ ရက် (တနင်္လာနေ့) က ဆန်ဖရန်စစ္စကို တရားရုံးတွင် တရားစွဲဆိုရာ၌ အမှုဆောင် ဟောင်းလေးဦးသည် Tesla စီအီးအိုက ၎င်းတို့အား အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခဲ့ ကြောင်း စွပ်စွဲခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာတာဝန်ဝတ္တရားများ ပျက်ကွက်ခဲ့ကြောင်းဖော်ပြခဲ့သည်။
“Elon Musk ၏ ထိန်းချုပ်မှုအောက်တွင် Twitter သည် တရားဥပဒေမဲ့လာကြောင်း တရားလို များက ၃၉ မျက်နှာရှိစွဲဆိုချက်များတွင် ဖော်ပြထားသည်။ Musk သည် စည်းမျဉ်းများကို လိုက်နာ ခြင်းမရှိသလို လစာများကိုလည်း အတိအကျမပေးဘဲ ၎င်းအား အာခံသည့်သူများကို ငွေကြေးနှင့် အာဏာသုံး၍ ဖိနှိပ်လေ့ရှိကြောင်း ဖော်ပြခဲ့သည်။
အမှုဆောင်အရာရှိဟောင်းများဖြစ်ကြသည့် Ned Segal၊ Vijaya Gadde နှင့် Sean Edgett တို့က လစာတစ်နှစ်စာ ရရန်ကျန်ရှိနေပြီး Musk သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလနှောင်းပိုင်းတွင် ယခု X ဟုခေါ်သော Twitter ကို ဝယ်ယူပြီးနောက် Agrawal၊ Gadde နှင့် Segal တို့ကို အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်။
Musk နှင့် အမှုဆောင်ဟောင်းများအကြား အငြင်းပွားမှုသည် Twitter ကို ဝယ်ယူပြီးနောက် Musk ကို စည်းမျည်းစည်းကမ်းများနှင့်အညီလိုက်နာဖို့ တရားရုံးရှေ့မှောက်သို့ ခေါ်ဆောင်ခဲ့ရာမှ စတင် လာသည်။
X ဆိုရှယ်မီဒီယာသည် ကနဦးကတည်းက ဝန်ထမ်းများ၏ လစာများကို ဖြတ်ထောက် ခြင်းနှင့် ပတ်သက်၍ တရားစွဲဆိုမှု ၃ ခုနှင့် ရင်ဆိုင်နေရပြီးသားဖြစ်သည်။ သို့သော် X ဆိုရှယ်မီဒီယာ သည် ထိုတရားစွဲဆိုချက်များနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတရာပေးခြင်း မရှိသေးပါ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘားအံမြို့တွင် အမျိုးသားတစ်ဦးက Facebook တွင် နောက်ဆုံး Posts တင်နှုတ်ဆက်ကာ သံလွင်မြစ်အတွင်းသို့ ခုန်ချအဆုံးစီမှုဖြစ်ပွား
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ