ဂျပန်ဝန်ကြီးချုပ်နှင့် ဇူကာဘတ်တို့က AI နည်းပညာ၏အန္တရာယ်များကို ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ဟုဆို
Pika (NSS) - ဖေဖော်ဝါရီ ၂၈
Metaကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဇူကာဘတ်သည် ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်စဉ် အချိန်အတွင်း ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါနှင့်တွေ့ဆုံကာ AI နည်းပညာ၏ အန္တရာယ်များကို ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါနှင့် ဇူကာဘတ်တို့သည် ဖေဖော်ဝါရီလ(၂၇)ရက်တွင် တွေ့ဆုံဆွေးနွေးမှုများကို မိနစ် (၃၀)ကြာ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ ဇူကာဘတ် က "AIနည်းပညာ၊ အခြားနည်းပညာတွေရဲ့ အနာဂါတ်နဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့ စကားဝိုင်းတစ်ခု ကျွန်တော်တို့မှာ ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ လက်ရှိ လုပ်နေတဲ့အလုပ်နဲ့ပတ်သက်ပြီး ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် Meta ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူမူဝါဒရေးရာဒုဥက္ကဋ္ဌ ဂျိုးလ်ကပလန်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ OpenAI အဖွဲ့အစည်း၏ ChatGPT ဆော့ဖ်ဝဲလ်က ဦးဆောင်ကာ တီထွင်ဖန်တီးထား သော AI နည်းပညာသည် ရိုးရှင်းသောအချက်ပြမှုများမှတစ်ဆင့် စာသား၊ ရုပ်ပုံနှင့် အသံတို့ကို စက္ကန့်ပိုင်းအတွင်း ပုံဖော်ပေးနိုင်သည့် နည်းပညာတစ်ခုဖြစ်သည်။
AI နည်းပညာ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုသည် ဗီဒီယိုဂိမ်းများမှတစ်ဆင့် နိုင်ငံရေးအထိ အရာအားလုံးအတွက် ပြောင်းလဲပစ်မှုများ လုပ်ဆောင်နိုင်ကြောင်း ပြောဆိုမှုများရှိနေသော်လည်း အပြုသဘောဆောင်သော အကျိုးဆက် များအပြင် အပျက်သဘောဆောင်သောအကျိုးဆက်များလည်း ရှိနေကြောင်း သိရသည်။ အသက်(၃၉)နှစ်အရွယ် ဇူကာဘတ်သည် မိသားစုနှင့်အတူ နှင်းလျောစီးခြင်း၊ ဂျပန်ဓါးသမားများ နှင့် လေ့ကျင့်မှုများ လုပ်ဆောင်ခြင်းတို့ အပါအဝင် ဂျပန်နိုင်ငံတွင် ရက်အတော်ကြာနေခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇူကာဘတ်သည် တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်၊ Samsung နှင့် LG ကုမ္ပဏီတို့၏ ခေါင်းဆောင် များနှင့်တွေ့ဆုံရန်အတွက် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ရန်စီစဉ်ထားကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ဇူကာဘတ်သည် Apple ကုမ္ပဏီက ထုတ်လုပ်ထားသော Vision Pro ကို ယှဉ်ပြိုင်နိုင်ရန် လက်တွေ့ဆန်သည့် headset များ တီထွင်ထုတ်လုပ်နိုင်ရေးအတွက် LG Electronics ကုမ္ပဏီ၏ စီအီးအိုနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း Korea Economic Daily သတင်းစာက ရေးသားဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနှင့် ဟားမက်စ်ကြား ယာယီအပစ်ခတ်ရပ်စဲရေးရရှိမည်ဆိုလျှင် ဟစ်ဘိုလာအုပ်စုက အစ္စရေးနိုင်ငံအပေါ်တိုက်ခိုက်နေခြင်းကို ရပ်တန့်ဖွယ်ရှိနေ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ