အစ္စရေးနှင့် ဟားမက်စ်ကြား ယာယီအပစ်ခတ်ရပ်စဲရေးရရှိမည်ဆိုလျှင် ဟစ်ဘိုလာအုပ်စုက အစ္စရေးနိုင်ငံအပေါ်တိုက်ခိုက်နေခြင်းကို ရပ်တန့်ဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၈
လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာအဖွဲ့က ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနှင့်အပစ်ခတ်ရပ်စဲရန် သဘောတူညီမည်ဆိုလျှင် အစ္စရေးနိုင်ငံကိုတိုက်ခိုက်နေခြင်းများကို ရပ်တန့်သွားဖွယ်ရှိနေကြောင်း သိရသည်။ အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံဘက်ခြမ်းသို့ နေ့စဉ်နီးပါး ရော့ကက်ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဂါဇာစစ်ပွဲ လေးလကျော်ကာလအတွင်းတွင် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့ ပြီးခဲ့သောနိုဝင်ဘာလ အတွင်းတွင် ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ကြောင်း သိရသည်။ ယာယီအပစ်ခတ်ရပ်စဲရေး သီတင်းပတ် တစ်ပတ်ကြာရရှိခဲ့ပြီးနောက် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့သည် တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။
ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲကိုယာယီအပစ်ခတ်ရပ်စဲထားရန် နိုင်ငံတကာအဖွဲ့အစည်း များက တိုက်တွန်းတောင်းဆိုနေပြီး၊ ဟားမက်စ်အဖွဲ့ကလည်း အပစ်ခတ်ရပ်စဲရေးကမ်းလှမ်းမှုအသစ်ကို စဉ်းစားနေ ကြောင်း သိရသည်။ အစ္စရေးသည် ရာမာဒန်ကာလအတွင်း ဟားမက်စ်အဖွဲ့ကို တိုက်ခိုက်နေခြင်းများကို ယာယီ ရပ်တန့်ထားဖွယ်ရှိနေသည်ဟု အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။
ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ယာယီအပစ်ခတ်ရပ်စဲရေး ရက်ပေါင်း ၄ဝ ကြာပြုလုပ်ရန် ပြီးခဲ့သောသီတင်းပတ်အတွင်း အစ္စရေး အပါအဝင် ကြားဝင်စေ့စပ်ပေးနေသည့်နိုင်ငံများမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟစ်ဘိုလာအဖွဲ့နှင့်နီးစပ်သောသတင်းအရင်းမြစ်က "ဟားမက်စ်အဖွဲ့ဟာ အစ္စရေးနဲ့ ယာယီအပစ်ခတ်ရပ်စဲရေး လက်ခံမယ်ဆိုရင် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကလည်း အစ္စရေးနိုင်ငံနဲ့ ယာယီအပစ်ခတ်ရပ်စဲရေးလုပ်ဆောင်မှာပါ။ ဟစ်ဘိုလာအုပ်စုဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ပစ်ခတ်တိုက်ခိုက်တာတွေလုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် အစ္စရေးနိုင်ငံက ပစ်ခတ်တဲ့ကျည်ဆံတွေ လက်ဘနွန်နိုင်ငံဘက်ခြမ်းကို ကျရောက်မယ်ဆိုရင်တော့ ဟစ်ဘိုလာအုပ်စုက လက်တုံ့ပြန်တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး" ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုမတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်ပေါ်လာနိုင်ပြီး အပူချိန်မြင့်လာနိုင်ဟု မိုးဇလဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ