ယခုမတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်ပေါ်လာနိုင်ပြီး အပူချိန်မြင့်လာနိုင်ဟု မိုးဇလဆို
စော (NSS) - ဖေဖော်ဝါရီ ၂၈
ယခုမတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်ပေါ်လာနိုင်ပြီး အပူချိန် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် ရှိနေကြောင်း မိုးဇလ၏ ထုတ်ပြန်ထားသည်။
ခန့်မှန်းချက်များအရ ယခုမတ်လအတွင်း၌ အင်အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် တည်ရှိနေ ကြောင်းလည်း မိုးဇလကဆိုသည်။
“အယ်လ်နီညိုဖြစ်စဉ်က ရှေ့လာမည့် လတွေ၊ လတွေမှာတော့ အားကတော့ တဖြည်းဖြည်းလျော့သွားမယ်။ သို့သော် သူ့ရဲ့သက်ရောက်မှုကတော့နောက်ကနေ လိုက်လာတာ။ အယ်လ်နီညိုက အားလျော့သွားလို့ နောက်က လိုက်လာတဲ့ရာသီဥတုအခြေအနေက လျော့သွားမှာတော့မဟုတ်ဘူး။ ပြောရရင်တော့ မတ်လရဲ့အပူချိန်တွေ တိုးမဲ့ သဘောရှိတယ်။ မတ်၊ဧပြီ၊မေ အပူချိန်ကတိုးနေတာပေါ့။ ပုံမှန်အားဖြင့်လည်း နွေရာသီရောက်ပြီဆိုတော့ နေ့အပူချိန်မြင့်နေတာ။ အယ်လ်နီညိုရဲ့ သက်ရောက်မှုကြောင့် ပိုပြီးတော့ အပူချိန်ပုံမှန်မြင့်နေတာထက် နည်းနည်း လေးပိုပြီးတော့ မြင်မဲ့ သဘောမှာရှိတယ်” ဟု မိုးလေဝသဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကို ပြောသည်။
အဆိုပါအယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အကျိုးသက်ရောက်မှု အနေဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင် ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။
အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့်အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့ သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် မိုးဇလမှ အသိပေး ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ အရပ်ဘက်နိုင်ငံ့ဝန်ထမ်း အရာရှိကြီးများကို တက်ရောက်ခွင့်ပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ