၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံက လကမ္ဘာပေါ်သို့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့
Pika (NSS) - ဖေဖော်ဝါရီ ၂၃
ပုဂ္ဂလိက အာကာသယာဉ်ကုမ္ပဏီ Intuitive Machines က ဒီဇိုင်းထုတ်ထားသည့် Odysseus အမည်ရှိ ဆင်းသက်ယာဉ်သည် ၁၉၇၂ ခုနှစ်နောက်ပိုင်း လကမ္ဘာပေါ်သို့ဆင်းသက်ခဲ့သည့် ပထမဆုံး အမေရိကန်ထုတ် အာကာသယာဉ်ဖြစ်လာခဲ့ကြောင်း သိရသည်။
Odysseus ဆင်းသက်ယာဉ်ကို SpaceX ကုမ္ပဏီ၏ Falcon 9 ဒုံးပျံနှင့်အတူ ဖေဖော်ဝါရီလ(၁၅)ရက်က လွှတ်တင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Odysseus lander ယာဉ်သည် ဖေဖော်ဝါရီလ(၂၂)ရက် ညနေ(၆)နာရီ(၂၃)မိနစ်တွင် လကမ္ဘာပေါ်သို့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Intuitive Machines ကုမ္ပဏီ ပူးတွဲတည်ထောင်သူ တင်ခရိန်းက "ကျွန်တော်တို့ကုမ္ပဏီရဲ့စက်ပစ္စည်းဟာ လကမ္ဘာရဲ့မျက်နှာပြင်ပေါ်မှာရှိနေပြီး ထုတ်လွှင့်မှုတွေကို လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။
NASA အဖွဲ့ အုပ်ချုပ်ရေးမှူး ဘီလ်နယ်လ်ဆင်က"ရာစုနှစ်တစ်ဝက်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီနေ့မှာ တော့ အမေရိကန်ဟာ လကမ္ဘာပေါ်ကို ပြန်လည်ရောက်ရှိခဲ့ပါပြီ။ ဒီနေ့ဟာ NASA ရဲ့စီးပွားဖြစ် မိတ်ဖက်တွေနဲ့အတူ ကတိဝတ်တွေနဲ့ စွမ်းရည်တွေကို ပြသနိုင်ခဲ့တဲ့ နေ့တစ်နေ့ပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် Odysseus ဆင်းသက်ယာဉ်သည် လကမ္ဘာကို လှည့်ပတ်နေစဉ်အချိန်အတွင်း လကမ္ဘာမျက်နှာပြင်ပေါ်ရှိ Bel’kovich ချိုင့်ကြီးကို ဓါတ်ပုံရိုက်ယူနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်ပေါ်တွင် လကမ္ဘာပေါ်ရှိ မြေဆီလွှာ နှင့် အီလက်ထရွန်ပလက်စမာတို့ကို ခွဲခြိမ်းစိတ်ဖြာရန်အတွက် ကိရိယာများ အပါအဝင် NASA ၏ သုတေသန ပစ္စည်းကိရိယာ ခြောက်ခုပါရှိကြောင်း သိရသည်။
၁၉၇၂ ခုနှစ် ဒီဇင်ဘာလတွင် Apollo 17 မစ်ရှင်ပြီးဆုံးပြီးနောက် အမေရိကန်နိုင်ငံသည် လကမ္ဘာပေါ်သို့ အာကာသ ယာဉ်များ စေလွှတ်ခြင်းကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် အမေရိကန်အာဏာပိုင်များ သည် ၂ဝ၂၆ ခုနှစ် စက်တင်ဘာလတွင် လကမ္ဘာပေါ်သို့ အာကာသယာဉ်မှူးများ ပြန်လည်ခြေချနိုင်မည်ဟု မျှော်လင့်ထားကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်အစိုးရက အစ္စရေးသို့ လက်နက်ရောင်းချမှုများကို ကန့်သတ်ပိတ်ပင်သွားနိုင်ဖွယ်ရှိနေကြောင်း Bloomberg ဖော်ပြ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ