ဒုံးပျံအသစ်ကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း ဂျပန်အာကာသအေဂျင်စီထုတ်ပြန်ကြေညာ
Pika (NSS) - ဖေဖော်ဝါရီ ၁၇
ဂျပန်နိုင်ငံ၏ အာကာသအေဂျင်စီသည် ဖေဖော်ဝါရီလ(၁၇)ရက်တွင် ၎င်း၏ ဒုံးပျံအသစ်ကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဂျပန်နိုင်ငံသည် H3 ဒုံးပျံကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ လွှတ်တင်ရန် ယခင်ကြိုးပမ်းမှု နှစ်ကြိမ်တွင်ကျရှုံးခဲ့ပြီးနောက် တတိယအကြိမ်မြောက်တွင် ယခုကဲ့သို့အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ H3 ဒုံးပျံကို နိုင်ငံအနောက်တောင်ပိုင်းရှိ Tanegashima အာကာသစင်တာမှ ဖေဖော်ဝါရီ လ(၁၇)ရက် နံနက်(၉)နာရီ(၂၂)မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း JAXA အာကာသအေဂျင်စီ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၎င်းက "JAXA အာကာသအေဂျင်စီဟာ လိုက်လျောညီထွေရှိပြီး ကုန်ကျ စရိတ်သက်သာတဲ့ H3 ဒုံးပျံကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။ မျိုးဆက်သစ် H3 ဒုံးပျံကို Space X ကုမ္ပဏီ Falcon 9 ဒုံးပျံ၏ ပြိုင်ဖက်အဖြစ် သတ်မှတ်ခံထားရပြီး လကမ္ဘာပေါ်ရှိ အခြေစိုက်စခန်းများသို့ ကုန်ပစ္စည်းများပို့ဆောင်ရန်အတွက် အသုံးပြုသွားနိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့်လတွင် ဂျပန်နိုင်ငံသည် လကမ္ဘာပေါ်သို့ Smart Lander for Investigating Moon (SLIM) အာကာသယာဉ်ဖြင့် အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီး လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်ခဲ့သည့် ငါးနိုင်ငံမြောက်ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။
H3 ဒုံးပျံကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် JAXA အာကာသအေဂျင်စီ၏ ထိန်းချုပ်ရေးစင်တာတွင် ကြွေးကြော်သံများကို ကြားခဲ့ရကြောင်းလည်းသိရသည်။ ဂျပန်နိုင်ငံ၏ ပထမဆုံး H3 ဒုံးပျံ လွှတ်တင်မှုကို ၂၀၂၃ ခုနှစ် ဖေဖော် ဝါရီလတွင် လုပ်ဆောင်ခဲ့သော်လည်း မီးလောင်ကျွမ်းမှုပြဿနာများကြောင့် ဖျက်သိမ်းခဲ့ရကြောင်းသိရသည်။ ထို့နောက် ဂျပန်အစိုးရသည် ၂၀၂၃ ခုနှစ် မတ်လတွင် ဒုတိယအကြိမ်လွှတ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာပြဿနာများကြောင့် ဖျက်သိမ်းမှုလုပ်ဆောင်ရန် အမိန့်ထုတ်ခဲ့ရကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်နယ်ထရမ့်ကို အမေရိကန်ဒေါ်လာ (၃၅၅)သန်း ဒဏ်ငွေပေးဖို့အပြင် နယူးယောက်မြို့မှာ စီးပွားရေးလုပ်ငန်းမလုပ်ဖို့အမိန့်ချမှတ်
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ