ဒေါ်နယ်ထရမ့်ကို အမေရိကန်ဒေါ်လာ (၃၅၅)သန်း ဒဏ်ငွေပေးဖို့အပြင် နယူးယောက်မြို့မှာ စီးပွားရေးလုပ်ငန်းမလုပ်ဖို့အမိန့်ချမှတ်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၇
နယူးယောက်မြို့တရားရုံးဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို လိမ်လည်မှုများနဲ့ဆက်နွယ်ပြီး အမေရိကန်ဒေါ်လာ (၃၅၅)သန်းပေးဖို့အပြင် နယူးယောက်မြို့ထဲမှာ စီးပွားရေးလုပ်ငန်းတွေမလုပ်ဖို့ ဖေဖော်ဝါရီလ ၁၇ ရက်မှာအမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။
တရားရုံးဟာ ဒေါ်နယ်ထရမ့်ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို နယူးယောက်မြို့အတွင်းလုပ်ငန်းတွေမလုပ်ဖို့ အမိန့်ချမှတ်ခဲ့ရာ ဒေါ်နယ်ထရမ့်ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ ဘဏ္ဍာရေးပိုင်း ထိုးနှက်ချက်ဖြစ်လာစေခဲ့ကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ရှေ့နေသူဖြစ်သူ အလီနာ ဟတ်ဘာက တရား ရုံးဆုံးဖြတ်ချက်ဟာ မှန်ကန်မျှတမှုမရှိကြောင်း၊ အယူခံဝင်သွားမှာ ပြောပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့အမှုဟာ ရာဇဝတ်မှုမဟုတ်ဘဲ အရပ်ဘက်ဆိုင်ရာအမှုဖြစ်ကြောင်း ထပ်မံပြောဆိုထားပါတယ်။ နယူးယောက်မြို့တရားရုံး တရားသူကြီး အန်ဂိုရွန်က ဒေါ်နယ်ထရမ့်ဟာ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး လိမ်လည်မှုတွေရှိခဲ့ကြောင်း၊ သူရဲ့အပြုအမူတွေမသင့်တော်ကြောင်း ပြောပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့သားဖြစ်သူ အီရစ် နဲ့ ဒေါ်နယ်ထရမ့် ဂျူနီယာတို့ဟာလည်း အဆိုပါငွေကြေးလိမ်လည်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် ငွေဒဏ်ချမှတ်ခံရကြောင်းသိရပါတယ်။
အီရစ်နဲ့ ဒေါ်နယ်ထရမ့်ဂျူနီယာတို့ဟာလည်း တစ်ယောက်ကို အမေရိကန်ဒေါ်လာ (၄)သန်းစီပေးချေဖို့ အမိန့်ချမှတ်ခံရကြောင်းဆိုပါတယ်။ ဒေါ်နယ်ထရမ့်ဂျူနီယာကတော့ တရားရုံးဆုံးဖြတ်ချက်က နိုင်ငံရေးရည်ရွယ်ချက်ပါဝင်နေကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။ ဒေါ်နယ်ထရမ့်ဟာလာမယ့် သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပြီးနောက် စွဲချက်တင်ခံရမှုတွေနဲ့ ပိုမိုရင်ဆိုင်လာရကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လက်ရှိအချိန်မှာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်ပေါင်းအနည်းဆုံး (၉၁)ခုနဲ့ရင်ဆိုင်နေရကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒေါ်နယ်ထရမ့်ကို အား ပေးထောက်ခံသူတွေကတော့ အဆိုပါစွဲချက်များနဲ့ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒန်ကိုဝေဖန်ပြစ်တင်ထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို အမေရိကန် နှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုများက တရားမဝင်ကြောင်း ရုရှားအစိုးရဝေဖန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း