ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို အမေရိကန် နှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုများက တရားမဝင်ကြောင်း ရုရှားအစိုးရဝေဖန်
Pika (NSS) - ဖေဖော်ဝါရီ ၁၇
ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို အမေရိကန် နှင့် ဗြိတိန်တို့၏ လေကြောင်းမှတိုက်ခိုက်မှုများသည် တရားမဝင်ကြောင်းနှင့် ကုလသမဂ္ဂစာတမ်းအရ ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလေးပက်ထရုရှက်ဗ်က ပြောကြားခဲ့သည်။
အမေရိကန်နှင့်ဗြိတိန်တို့သည် မိတ်ဖက်နိုင်ငံများ၏ ကူညီပံ့ပိုးမှုဖြင့် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို ပြီးခဲ့သည့်ဇန်နဝါရီလကတည်းက တိုက်ခိုက်မှုများ ဒါဇင်ချီလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပင်လယ်နီအတွင်းသွားလာနေသော ကုန်တင်သင်္ဘောများကို ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်ထားတိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် ယခုကဲ့သို့ လေကြောင်းမှတိုက်ခိုက်မှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမေရိကန် နှင့် ဗြိတိန်တပ်ဖွဲ့တို့ကပြောကြားခဲ့သည်။
နီကိုလေးပက်ထရုရှက်ဗ် က "အမေရိကန်နဲ့ဗြိတိန်တို့ဟာ ပင်လယ်နီအတွင်းမှာ ရေကြောင်းလွတ်လပ်စွာ သွားလာခွင့်ကို လုံခြုံစေဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့နဲ့ စစ်ပွဲကို ဆင်နွှဲခဲ့ပါတယ်။ သူတို့ဟာ ဒေသတွင်းက အခြားနိုင်ငံတွေကို ဒီစစ်ပွဲထဲမှာပါဝင်လာဖို့အတွက် ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းနေတာပါ။ ပြီးတော့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ်တွေကို အမေရိကန်နဲ့ဗြိတိန်တို့ရဲ့ တိုက်ခိုက်မှုတွေက တရားမဝင်ပါဘူး။ ဒါက အမေရိကန်ကပြောဆိုထားတဲ့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ခွင့် နဲ့ ဘာမှမဆိုင်ပါဘူး" ဟု ပြောဆိုခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံသည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။ ထို့ပြင် အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသအပေါ် ထိုးစစ်ဆင်နေမှုများအား ရပ်တန့်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခွင့်ပြုမှသာ ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေမှုများအား ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ထပ်မံပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြီးနောက် ပြည်ပသို့ တရားမဝင် ထွက်ခွာမှုများရှိနေပြီး ၎င်းလုပ်ရပ်များမှာ လူကုန်ကူးခံရနိုင်ခြေမြင့်မားနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ