Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြီးနောက် ပြည်ပသို့ တရားမဝင် ထွက်ခွာမှုများရှိနေပြီး ၎င်းလုပ်ရပ်များမှာ လူကုန်ကူးခံရနိုင်ခြေမြင့်မားနေ

မြူနစ် (NSS) - ဖေဖော်ဝါရီ ၁၇

စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြီးနောက် ပြည်ပသို့ တရားမဝင် ထွက်ခွာမှုများရှိနေပြီး ၎င်းကဲ့သို့ လုပ်ရပ်များသည် လူကုန်ကူးခံရနိုင်ခြေမြင့်မားကြောင်း သုံးသပ်မှုများရှိနေသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်းအမိန့် ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြီးခဲ့နောက်ပိုင်းတွင် နိုင်ငံအတွင်း၌ ကောလာဟလမျိုးစုံထွက်ပေါ်လျက်ရှိပြီး ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင်ထွက်ခွာမှုများလည်း ဖြစ်ပေါ်နေလျက်ရှိသည်။

ထိုသို့ တရားမဝင်ထွက်ခွာနေမှုများနှင့်ပတ်သက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အငြိမ်းစားအရာရှိတစ်ဦးက “အခုဟာက လူကုန်ကူးတွေ အကြိုက်ဖြစ်သွားမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို တရားမဝင်သွားဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ လုပ်တယ်ဆိုတာက လူတွေကို ခေါင်းပုံ ဖြတ်ဖို့ စောင့်နေတဲ့သူတွေအတွက် အခွင့်အလမ်းဖြစ်သွားပြီလေ။ အဲဒီတော့ သေချာပေါက် ခေါင်းပုံဖြတ်ခံရဖို့ များပါတယ်”ဟု NSS ကို သုံးသပ်ပြောကြားသည်။

လူကုန်ကူးမှုဖြစ်စဉ်များတွင် လုပ်အားခေါင်းပုံဖြတ်ခြင်း၊ လိင်ခေါင်းပုံဖြတ်ခြင်းများသည် အဓိကဖြစ်ပွားနေလျက်ရှိပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း၊ အိမ်ဖော်လုပ်ငန်းများတွင်လည်း ရောင်းစားခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“လူကုန်ကူးတယ်ဆိုတာ လုပ်အားခေါင်းပုံဖြတ်တာ။ လိင်ခေါင်းပုံဖြတ်တာတွေက အဓိကပေါ့နော်။ အဲဒီတော့ ခေါ်သွားမယ်၊ စက်ရုံမှာ လုပ်ရမယ်ပြောမယ်။ ပြီးရင် တစ်ခြားနေရာမှာ ရောင်းစားမယ်။ စက်ရုံထဲမှာ လုပ်အားခေါင်းပုံဖြတ်ခံရမယ် ဒါတွေပေါ့။ နောက်အမျိုးသမီးတွေဆိုရင်တော လိင်ဖျော်ဖြေရေးနေရာတွေမှာ ရောင်းစားတာတို့၊ အိမ်ဖော်တွေအနေနဲ့ ကျွန်တွေ အနေနဲ့ ရောင်းစားတာမျိုး အဲဒါတွေလည်း ဖြစ်နိုင်တာပေါ့”ဟု အငြိမ်းစားအရာရှိက ပြောသည်။

လတ်တလောကာလအတွင်း၌ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

“အစိုးရပိုင်းရဲ့ ဝါဒဖြန့်ချိရေးယန္တရားကတော့ တော်တော်လေးအားနည်းတာပေါ့။ အခုချိန်ဆိုရင် လူတွေကြားထဲမှာ၊ ရပ်ကွက်တွေမှာ လက်ကမ်းကြော်ငြာတွေ ဝေရမယ်။ စာတွေဝေရမယ်။ ဘာမှ စိုးရိမ်စရာမရှိတဲ့အကြောင်းကို သေချာလေး ရှင်းပြဖို့လိုတယ်။ အဲဒီလိုနားရှင်းအောင် လုပ်ရမယ်။ အခုဟာက ဒီအစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဝါဒဖြန့်ချိရေးက ပိုပြီးအားကောင်းနေပြီးတော့ အစိုးရပိုင်းက အားနည်းနေတာကြောင့် အဲဒီလိုဖြစ်တာပေါ့” ဟုလည်း ၎င်းက ထပ်မံသုံးသပ်ထားသည်။

ပြည်ပနိုင်ငံများသို့ လူကုန်းကူးခံရသည့်ဖြစ်စဉ်များထဲတွင် (၅၀)ရာခိုင်နှုန်းခန့်သည် အမျိုးသမီးနှင့် ကလေးငယ်များသာဖြစ်ကြောင်း နစက၏ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုထားဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဒီနှစ်ကုန်အတွင်း ငြိမ်းချမ်းရေး ပြန်လည်ရယူနိုင်မယ်လို့ ထိုင်းအစိုးရအဖွဲ့ပြော

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved