ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဒီနှစ်ကုန်အတွင်း ငြိမ်းချမ်းရေး ပြန်လည်ရယူနိုင်မယ်လို့ ထိုင်းအစိုးရအဖွဲ့ပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၇
ထိုင်းနိုင်ငံငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေကြား ပြီးခဲ့တဲ့ရက်ပိုင်းမှာတွေ့ဆုံဆွေးနွေးပြီးနောက် ဒီနှစ်ကုန်မှာ ငြိမ်းချမ်းရေးသဘောတူညီမှုရရှိမယ်လို့ မျှော်လင့်ထားကြောင်း ထိုင်းငြိမ်းချမ်းရေး ဆွေးနွေးမှုကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ လက်ထောက်အတွင်းရေးမှူးက ဖေဖော်ဝါရီလ ၆ ရက်နဲ့ ၇ ရက်တို့မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံတောင်ပိုင်း နဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးပြန်လည်ရရှိမယ်လို့ ယုံကြည်ချက်မြင့်တက်လာခဲ့ကြောင်းပြောပါတယ်။
ထိုင်းအစိုးရကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းနိုင်ငံတောင်ပိုင်းလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ ငြိမ်းချမ်းရေးသဘောတူညီမှုရယူနိုင်ဖို့ ကတိပြုခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရနဲ့ တောင်ပိုင်းလက်နက်ကိုင်အုပ်စုတွေဟာ ငြိမ်းချမ်းရေးရယူနိုင်ဖို့ (၁၀) နှစ်ကြာဆွေးနွေးခဲ့ရာ လက်ရှိအချိန်မှာအရင်ထက်များစွာတိုးတက်လာနေပါတယ်။
ငြိမ်းချမ်းရေးသဘောတူညီချက်မရယူခင် ငြိမ်းချမ်းရေးအတွက် ပူးတွဲအကောင်အထည်ဖော်မယ့်အစီအစဉ်သုံးခုချမှတ်ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီအစီအစဉ်တွေထဲမှာ တွေ့ဆုံဆွေးနွေးမှုက နိုင်ငံရေးအဖြေရှာဖို့ ၊အကြမ်း ဖက်မှုတွေအဆုံးသတ်ဖို့၊ တိုင်ပင်ဆွေးနွေးဖို့ စတဲ့အချက်တွေပါဝင်နေကြောင်းသိရပါတယ်။ ထိုင်းငြိမ်းချမ်းရေး ဆွေးနွေးမှုကိုယ်စားလှယ်အဖွဲ့နဲ့ ထိုင်းနိုင်ငံတောင်ပိုင်းလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေဟာ လာမယ့်မတ်လအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လမ်းပြမြေပုံတွေကို တရားဝင် ကြေညာဖွယ်ရှိနေကြောင်းသိရပါတယ်။
ထိုင်းငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက " ငြိမ်းချမ်ရေးကို အတူတကွပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို လက်မှတ်ရေးထိုးနိုင်မယ်ဆိုရင် အကြမ်းဖက်မှုတွေလျော့ချနိုင်မယ်လို့မျှော်လင့်ထားတယ်။ နှစ်ဖက်စလုံးဟာ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ငြိမ်းချမ်းစွာနဲ့ ဆွေးနွေးဖို့ ကတိပြုထားတယ်"လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဧည့်မထဆန်တစ်ပြည်လျှင် (၃၃၀ဝ)ကျပ်ဖြင့် လူတစ်ဦးကို (၂)ပြည်နှုန်း အပတ်စဉ်ရောင်းပေးရန် စီစဉ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ