ဧည့်မထဆန်တစ်ပြည်လျှင် (၃၃၀ဝ)ကျပ်ဖြင့် လူတစ်ဦးကို (၂)ပြည်နှုန်း အပတ်စဉ်ရောင်းပေးရန် စီစဉ်နေ
ယွန်း (NSS) - ဖေဖော်ဝါရီ ၁၇
ဧည့်မထဆန်တစ်ပြည်လျှင် (၃၃၀ဝ)ကျပ်ဖြင့် လူတစ်ဦးကို(၂)ပြည်နှုန်း အပတ်စဉ်ရောင်းပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF)၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း နှင့် ကုန်စည်ဒိုင်များ၊ ပို့ကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်တွင်းဆန်ဈေးကွက်ဈေးနှုန်း တည်ငြိမ်စေရန် အထက်ပါကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်အရ အခြေခံပြည်သူများ နှင့် ဝန်ထမ်းမိသားစုများ သက်သာစွာဖြင့် ဆန်ဝယ်ယူရရှိနိုင်ရေးအတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၁၈)ခုမှ ဆန်လက်လီအရောင်းဆိုင်(၅၈)ဆိုင်တွင် ဖေဖော်ဝါရီလ (၁၆)ရက်မှစ၍ ဧည့်မထဆန်များကို သက်သာဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။ ထုတ်ပြန်ချက်အရ ဆန်တစ်ပြည်လျှင် (၃၃၀ဝ) ကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၂)ပြည်နှုန်းကို တိုက်ရိုက် ရောင်းချသွားမည်ဖြစ်ပြီး အပတ်စဉ်(သောကြာ၊ စနေ၊ တနင်္ဂနွေ)နေ့များတွင်သာ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ(၁၈)မြို့နယ်တွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ ဒဂုံ ဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ မှော်ဘီမြို့နယ်၊ သင်္ကန်းကျွန်း၊ ပုဇွန်တောင်၊ သာကေတ၊ ဒေါပုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ အလုံမြို့နယ်၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ နှင့် အင်းစိန်မြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အလားတူအစီအစဉ်များ ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဆိုထားသည်။
လက်ရှိတွင် ပြည်တွင်း၌ ဆန်ဈေးနှုန်းသည် အဆမတန်မြင့်တက်နေလျက်ရှိပြီး ဆန်ကြမ်းတစ်အိတ်လျှင် ငွေကျပ်(၁)သိန်း ဝန်းကျင်၊ ဆန်ချောဈေး သည် ငွေကျပ်(၂)သိန်းဝန်းကျင်အထိ မြင့်တက်နေလျက်ရှိသည်။ ပြင်ပဈေး ကွက်အတွင်း၌ ဧည့်မထဆန်တစ်ပြည်လျှင် (၄၂ဝဝ)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်က အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးဖို့ စီစဉ်နေဟု အမေရိကန်သတင်းစာဖော်ပြ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ